စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ

စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 17, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၁၆

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု စာပဒေသာပထမဆုရ “အန်ကယ်ပညာ” ရေးသားသည့် “မေမေ့ဆံပင်နှင့် ဘဝလက်တစ်ကမ်းမှ စာတမ်းငယ်များ” စာအုပ် ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ စာတိုက်မှတစ်ဆင့် ပေးပို့လျက်ရှိသည်။

စာပေဗိမာန်စာအုပ်အသင်းဝင်လိုပါက အတွင်းရေးမှူး၊ စာပေဗိမာန် စာအုပ်အသင်း အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ သို့ လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,