တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ တိုက်ရိုက် (Live) ထုတ်လွှင့်မည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ တိုက်ရိုက် (Live) ထုတ်လွှင့်မည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 24, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၃

(၆၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မ‌တော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးကိုယ်စားပြုအသင်းတို့သည် အောက်တိုဘာ ၂၄ ရက် ညနေ ၃ နာရီခွဲတွင် နေပြည်တော် ဇေယျာသီရိအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၃နာရီ ၂၅ မိနစ်မှစတင်၍ MWD HD Channel၊ MWD Variety Channel ၊ MWD Education, Knowledge & Sports Channel၊ MRTV HD Channel ၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

သတင်းစဉ်

HOT NEWS
January 4,