တရားမဝင်ခဲသတ္တုများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ခဲသတ္တုတင် မော်တော်ယာဉ်များ၊ ရေနံစိမ်းများ၊ ကုန်ပစ္စည်းတင် မော်တော်ယာဉ်၊ တရားမဝင်သစ်မျိုးစုံ၊ ရေယာဉ်များ ဖမ်းဆီးရမိ
တရားမဝင်ခဲသတ္တုများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ခဲသတ္တုတင် မော်တော်ယာဉ်များ၊ ရေနံစိမ်းများ၊ ကုန်ပစ္စည်းတင် မော်တော်ယာဉ်၊ တရားမဝင်သစ်မျိုးစုံ၊ ရေယာဉ်များ ဖမ်းဆီးရမိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 22, 2025
နေပြည်တော် ဒီဇင်ဘာ ၂၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၉ ရက်တွင် စစ်ကိုင်းမြို့နယ် စိန်ကုန်း ရပ်ကွက် ရွှေလေးကျွန်းဓမ္မာရုံအနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀) ကိုလည်းကောင်း၊ စစ်ကိုင်းမြို့နယ် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၇ ရက်တွင် ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ အမှတ်(၁)ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးအနီး၌ မော်တော်ယာဉ် နှစ်စီးပေါ်မှ မသန့်စင်ရသေးသော တရားမဝင်ခဲသတ္တု ပိဿာ ၁၅၇၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၀၀၀၀၀၀၀) နှင့် အဆိုပါ ခဲသတ္တုများ တင်ဆောင် လာသည့် Hyundai Bus နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀) ကို မြန်မာ့သတ္တုတွင်းဥပဒေအရလည်းကောင်း၊ ဒီဇင်ဘာ ၁ ရက်တွင် မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇၂၁၀၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက်တွင် သာယာဝတီမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂ ရက်နှင့် ၆ ရက်တို့တွင် မော်လမြိုင်မြို့နယ် စျေးကြိုရပ်ကွက် မုဒုံ-မော်လမြိုင်သွား ကားလမ်းအနီး ၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၅ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၄၈၂၀၀၀) ကိုလည်းကောင်း၊ ဘီးလင်းမြို့နယ် ရွှေသံလွင် တိုးဂိတ်ဟောင်းအနီး၌ မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်း ၁၄ မျိုး၊ လူသုံးကုန်ပစ္စည်း ၁၁ မျိုး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၆၃၀၇၉၂၀၀) ကို လည်းကောင်း၊ ပေါင်မြို့နယ် ကော့စိုင်ကျေးရွာ၌ မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၈ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၉၅၀၀၀)ကို လည်းကောင်း၊ ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာ၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိ သည့် လူသုံးကုန်ပစ္စည်း ၁၃ မျိုး၊ စားသောက်ကုန် ပစ္စည်း ငါးမျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၉၀၄၂၀၀၀)
ကိုလည်းကောင်း၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့ နယ်ကြားကားလမ်းအနီး၌ မော်တော်ယာဉ်သုံးစီး ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းအမျိုး ၃၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၅၆၆၀၀၀)ကို လည်းကောင်း၊ သထုံမြို့နယ် မိုးကောင်းကျေးရွာအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၈ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅၀၄၀၀၀)ကိုလည်းကောင်း၊ သထုံမြို့နယ် ပေါ်တော်မူကျေးရွာ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၉၆၀၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့နယ် မုပွန်ရပ်ကွက်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၄၄၃၅၆၄၂၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက် တွင် မရမ်းကုန်းမြို့နယ် မြန်မာ့စာတိုက်လုပ်ငန်း၌ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ချောထုပ်တစ်ထုပ်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀) ကို လည်းကောင်း၊ ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်(ကုန်လှောင်ရုံ) ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းရှစ်မျိုး၊ လျှပ်စစ် ပစ္စည်း ငါးမျိုး၊ လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၈၉၈၂၈၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၄၈၂၈၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်၊ ဒီဇင်ဘာ ၁ ရက်၊ ၂ ရက်၊ ၆ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၂၆၁၂၄၈၀)ကို ဖမ်းဆီးရမိခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် စစ်ကိုင်းမြို့နယ် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း သုံးမျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၁၅၀၀၀၀)နှင့် လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)ကို လည်းကောင်း၊ စစ်ကိုင်းမြို့ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၁၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၉ ရက်တွင် မင်းဘူးမြို့နယ် အောက်ကျောင်းကျေးရွာ ဧရာဝတီမြစ်ကြောင်း အတွင်း၌ ရေယာဉ်တစ်စင်းပေါ်မှ တရားမဝင် ရေနှင့် ရေနံစိမ်းရောရာ ဂါလန် ၉၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၅၀၀၀)နှင့် အဆိုပါရေနံစိမ်းများ တင်ဆောင်လာ သည့် စက်တပ်သစ်သားလှေတစ်စင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၀၀၀၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ် ရေး အက်ဥပဒေအရလည်းကောင်း၊ ငဖဲမြို့နယ် အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၁၅၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် အမရပူရမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ရမည်းသင်း မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မြစ်သားမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၁၄ စီးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်လေးစီးစုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်နှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်သုံးစီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၄၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၀ ရက် တွင် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် San Shwe Myint Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန် သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်း ၁၃ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၀၈၉၀၀၀) ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၀၈၉၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၃၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၅၅၈၄၀၀၀)ကို ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ ကချင်ပြည်နယ် တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၉ ရက်တွင် မြစ်ကြီးနားမြို့နယ် ရမ်ပူရပ်ကွက်နယ်မြေ(၂၃) အမှတ်(၃၃၀)ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၅၄၈၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၀ ရက်တွင် ဖြူးမြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၃၁၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၄၄၅၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၇ ရက်တွင်ဆင်ပေါင်ဝဲ မြို့နယ်ကျောက်ချက်ကျေးရွာအနီး ဆိုင်းစုကျေးရွာ ဆိုင်းစုကွင်းအမှတ်(၇၀၀)၌ တရားမဝင်မြစ်ကျောက် စရစ်ထုတ်ယူသည့်လိုင်စင်ရှိ ရေယာဉ် ၁၀ စင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၁၀၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ထိန်းသိမ်းရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ ဒီဇင်ဘာ ၅ ရက်နှင့် ၉ ရက်တို့တွင် အမရပူရမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် အောင်မြေသာစံ မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်ငါးစီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာ၌ မော်တော်ယာဉ်သုံးစီး ပေါ်မှတရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၂၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၂၄၉၀၀၀) ကို လည်းကောင်း၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်စစ်ဆေးရေးဂိတ်၌ မော်တော် ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၂၇ မျိုး၊ စားသောက်ကုန်ပစ္စည်း ၂၈ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈၃၅၂၈၀၀)ကိုလည်းကောင်း၊ မော်လမြိုင် မြို့နယ် ရိုးဂိုးကျေးရွာ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၄၅၀၀၀၀) ကိုလည်းကောင်း၊ ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၄၉၀၀၀)ကိုလည်းကောင်း၊ သထုံမြို့နယ်ကြာပန်းကျေးရွာ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၇ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၉၅၀၀၀၀) ကိုလည်းကောင်း၊ သထုံမြို့နယ် ကမာစိုင်ကျေးရွာ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၂၄၅၅၀၀) ကိုလည်းကောင်း၊ သထုံမြို့နယ် ပေါ်တော်မူဘုရားအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၅၂၀၀၀)ကို လည်းကောင်း၊ ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၄၆၄၈၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာ၌ မော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက် ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀) ကို လည်းကောင်း၊ သထုံမြို့နယ် အောက်ကျင်းရပ်ကွက်၌ မော်တော်ယာဉ်တစ်စီးပေါ် မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၁၀၀၀၀) ကိုလည်းကောင်း၊ ကျိုက်ထိုမြို့နယ်မလော့ချောင်ကျေးရွာ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂၁၅၀၀၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့နယ် မြေနီကုန်းရပ်ကွက်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းလေးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၆၂၀၀၀၀၀)ကို လည်းကောင်း၊ ဘီးလင်းမြို့နယ် ရွှေသံလွင်တိုးဂိတ်ဟောင်းအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းငါးမျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၂၄၀၀၀) ကိုလည်းကောင်း၊ ဘီးလင်းမြို့နယ် ဒညင်းကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၉ မျိုး၊ လျှပ်စစ်ပစ္စည်းအမျိုး ၂၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၃၆၃၉၆၀၀၀) ကိုလည်းကောင်း၊ ဘီးလင်းမြို့နယ် ဘိုးလှကြီးရပ်ကွက်၌ မော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၇၄၀၀၀) ကိုလည်းကောင်းစုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၈၉၆၇၁၀၀ ကို ဖမ်းဆီးရမိခဲ့ပြီးပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် တာမွေမြို့နယ် ကျိုက္ကဆံယာဉ်အပိုပစ္စည်းရောင်းဝယ် ရေးဝင်းအတွင်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ လှည်းကူးမြို့နယ်အတွင်း၌ တရားမဝင်အခြားသစ် ၁ ဒသမ ၇၉၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၁၃၇၆) ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် သင်္ဃန်းကျွန်း မြို့နယ်နှင့် တာမွေမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်သုံးစီးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၆၃၁၃၇၆ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၁ ရက်တွင် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်း၌ ဂျပန်နိုင်ငံမှ တင်သွင်းလာသည့် ချောထုပ်တစ်ထုပ်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၈၆၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်သုံးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခုနစ်မျိုး၊ လျှပ်စစ်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၇၈၅၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၁၂၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထား ရှိသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်၊ ၅ ရက်၊ ၇ ရက်၊ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၄၃ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၃၃၂၆၆၇၂၈) ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ်များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ယင်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသတင်းရရှိသည်။
သတင်းစဉ်
