တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 13, 2025

နေပြည်တော် ဇွန် ၁၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား ကျောင်းသူများက အွန်လိုင်းဖြင့် တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး တက္ကသိုလ်တက်ရောက်နေသူများနှင့် အခြေခံပညာအထက်တန်းအဆင့် တက်ရောက်နေသော ကျောင်းသား ကျောင်းသူများထံ ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကိရိယာပစ္စည်းများပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများထံ ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကိရိယာပစ္စည်းများ ပေးအပ်သည်။
ယနေ့ အခမ်းအနားတွင် မူလတန်းအဆင့် ၁၄၁ ဦး၊ အလယ်တန်းအဆင့် ၄၃ ဦး၊ အထက်တန်းအဆင့် ၂၈ ဦး၊ တက္ကသိုလ်အဆင့် ၁၇ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၂၉ ဦး အတွက် ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၁၃၀၀၃၈၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်