တံတားဦးမြို့နယ် အုတ်ကျွတ်ဖိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
တံတားဦးမြို့နယ် အုတ်ကျွတ်ဖိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 15, 2026
မန္တလေး မေ ၁၄
တံတားဦးခရိုင် တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာအုပ်စု အုတ်ကျွတ်ဖိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စာသင်ဆောင်ကို Telecom International Myanmar Co.,Ltd (MYTEL) က အသစ်ပြန်လည် ဆောက်လုပ်လှူဒါန်းပြီး လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို မြို့နယ်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ကာ စာသင်ဆောင်များကို လိုက်လံကြည့်ရှုသည်။
ယင်းနောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Grade-6 မှ စတင်ကာ တစ်ပတ်စာသင်ချိန်တွင် စက်မှုဘာသာရပ် တစ်ချိန်၊ စိုက်ပျိုးရေးဘာသာရပ်တစ်ချိန်၊ မွေးမြူရေးဘာသာရပ်တစ်ချိန် သင်ကြားပို့ချနိုင်ရေး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲကို အောင်မြေသာစံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ရာဇာခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
