ဒသမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မော်လမြိုင်၌ကျင်းပ

ဒသမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မော်လမြိုင်၌ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ မော်လမြိုင် / August 02, 2020
image_latest


မော်လမြိုင်      ဩဂုတ်    ၂

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒသမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ နတ်မှော်ကျောင်းတိုက်၏ ဦးစီးပဓါနနာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) သဒ္ဒန္တသုမနထံမှ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဇနီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက် တည်ကြပြီး ကြွရောက်လာသောဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများတို့က ပင့်ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အတုလရန်အောင်ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တကောသလ္လထံမှ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က အနုမောဒနာ တရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)

HOT NEWS
January 4,