ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မွန်ပြည်နယ် အားကစားဥယျာဉ်နှင့် မွန်ပြည်နယ် လူငယ်စင်တာဖွင့်လှစ်ရန် လျာထားသည့် အဆောင်များနှင့် အခန်းဖွဲ့စည်းပုံများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မွန်ပြည်နယ် အားကစားဥယျာဉ်နှင့် မွန်ပြည်နယ် လူငယ်စင်တာဖွင့်လှစ်ရန် လျာထားသည့် အဆောင်များနှင့် အခန်းဖွဲ့စည်းပုံများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 13, 2025

မော်လမြိုင် ဇွန် ၁၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် အားကစားဥယျာဉ်အတွင်းရှိ တည်ဆောက်လျက်ရှိသော ဘက်စုံသုံးမိုးလုံလေလုံအားကစားခန်းမကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွန်ပြည်နယ် လူငယ်စင်တာဖွင့်လှစ်ရန် လျာထားထားရှိသည့် ကျောင်းသားအားကစားကွင်းအတွင်းရှိ အဆောင်များနှင့် အခန်းဖွဲ့စည်းပုံများကိုလည်းကောင်း၊ ရာမည အားကစားကွင်းပတ်လည်ရှိ ဖျက်သိမ်းပြီးဈေးဆိုင်ခန်းများနှင့် ဖျက်သိမ်းရန်ကျန်ရှိသည့်ဆိုင်ခန်းများ အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်