ဒုတိယဝန်ကြီး ဦးလွင်ဦး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား လက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီး ဦးလွင်ဦး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား လက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 08, 2024
image_latest


နေပြည်တော် မေ ၇

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိုမိုထိရောက်စွာပေးနိုင်ရေး နည်းလမ်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ICRC ဒုတိယဌာနေကိုယ်စားလှယ် Mr. Christophe Ami Leon Taramarcaz တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,