ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / January 14, 2026
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၁၂ ရက်နေ့က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီအခြေပြု နေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၅၊ ရုံးအမှတ် ၂၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရွာတော်)၊ နေပြည်တော်ဘူတာကြီးနယ်မြေရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့မီးရထား၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ့စာတိုက်လုပ်ငန်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ငလျင်ဘေးသင့်ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့် အိမ်ရာများသို့ သွားရောက်၍ သောက်ရေသုံးရေရရှိရေးဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုနှင့် သန့်ရှင်း သပ်ရပ်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အိမ်ရာများတွင် အလှပန်းပင်များနှင့် သီးပင်စားပင်များ တစ်အုပ်တစ်မစိုက်ပျိုးရန်နှင့် မျိုးစေ့များထောက်ပံ့ပေးရန်၊ အိမ်ရာများလုံခြုံရေး ဆောင်ရွက်ပေးရန်၊ Container House တစ်လုံးနှင့်တစ်လုံးအကြား အပူဒဏ်သက်သာစေရန်အတွက် အမိုးအဖီများ စနစ်တကျ ခိုင်ခံ့စွာပုံစံတူပြုလုပ်ပေးရန်၊ ပွင့်လင်းရာသီရောက်ရှိမည်ဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး စီမံဆောင်ရွက်ရန်၊ လျှပ်စစ်မီးခလုတ်များ ပြန်လည်စစ်ဆေးရန်၊ အိမ်သာများအသုံးပြုပြီးပါက အနံ့မထွက်စေရေးနှင့် ယင်လုံစေရေးအတွက် အဖုံးအုပ်များ ပြုလုပ်ပေးရန်နှင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အိမ်ရာအလိုက်ဖွဲ့စည်းထားသည့် ကော်မတီများနှင့် တာဝန်ရှိသူများက အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
