နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 02, 2026
image_latest


နေပြည်တော် မေ ၂

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် သွေးအလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့ဝင် သွေးအလှူရှင်များအား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအမျိုးအစားခွဲခြားခြင်းများ ဆောင်ရွက်ပေးပြီး သွေးအလှူရှင်များက သတ်မှတ်နေရာအသီးသီး၌ သွေးလှူဒါန်းကြသည်။ ထို့သို့သွေးလှူဒါန်းနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်ကြသည်။ ထို့နောက် ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။