ပင်လောင်းမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ပင်လောင်းမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 30, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၃၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် သတင်းအရ ပင်လောင်းမြို့နယ်၊ လိန်းလီ ကျေးရွာအနီးတွင် ရှိုင်းဗိုလ် (ခ) ငမော့မောင်းနှင်လာသော DONGFENG မော်တော်ယာဉ်ပေါ်မှ ဘိန်းဆီခဲ ၇၄ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၉ ကီလို၊ အက်တက်စီဆေးပြား ၁,၀၀၀ ပြား၊ ကက်တမင်း ၁၁ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၄ သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ သတင်းကွင်းဆက်အရ အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၅၅ x ၅၆ လမ်းကြားနှင့် ၁၄၁ x ၁၄၂ လမ်းကြား တွင် ဇင်ဖြိုးဦး(ခ)ကိုဖြိုးအား NISSAN ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၆ ဒသမ ၁၇ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၇၇၅ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဘိန်းဖြူ ၆ ဒသမ ၁၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁,၅၄၂ ဒသမ ၅ သိန်း)၊ ဘိန်းဆီခဲ ၇၄ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁,၄၈၀)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၉ ဒသမ ၇၇၅ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၆၃၃၀)၊ အက်တက်စီဆေးပြား ၁,၀၀၀ ပြား (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၅၀)၊ ကက်တမင်း ၁၁ ဒသမ ၂ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၁,၁၂၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၄ သိန်း(၎င်းဒေသတန်ဖိုးငွေ ကျပ်သိန်း ၅၇၀)၊ (စုစုပေါင်းတန်ဖိုးငွေကျပ် ၁ ဒသမ ၁၄၉၂၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ပါကြောင်း၊

စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ မော်တော်ယာဉ် ၂ စီး၏ပိုင်ရှင် ရဲစိုးဦး(ခ)ရဲနိုင် (ဖမ်းဆီးရန်ကျန်)သည် မိုင်းရယ်မြို့မှ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများအား ကရင်ပြည်နယ်၊ ဘားအံမြို့သို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဘုတလင်မြို့နယ်နေ ရာဇာလင်း (ခ) မော်စီ (ဖမ်းဆီးရန်ကျန်) နှင့် ရှိုင်းဗိုလ်(ခ)ငမော့တို့အား သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

HOT NEWS
January 4,