ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 20, 2024
image_latest


နေပြည်တော် ဧပြီ ၁၉

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဧပြီ ၁၉ ရက်တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်​သော အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ​ပြောင်းဖူး​စေ့တန်ချိန် ၆၆၀၀ တင်ပို့ခဲ့သည်။

တင်​ဆောင်လျက်ရှိ

အလားတူ ​​အေးရှား​ဝေါလ်ဆိပ်ကမ်း (AWPT-3) မှ သင်္ဘောပေါ်သို့ ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲများ တင်​ဆောင်လျက်ရှိသည်။

ထို့ပြင် ဧပြီ ၂၀ ရက်တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT)မှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀ဝ နှင့် ဧပြီ ၂၂ ရက်​​​တွင် မင်းထက်မင်းဆိပ်ကမ်း (MHM)မှ ​ပြောင်းဖူး​စေ့တန်ချိန် ၂၇၀၀ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,