ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်


ပြန်ကြားရေးဝန်ကြီးဌာန/ Bago / January 26, 2021
image_latest


ပဲခူး ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ တွေ့ရှိမှု လျော့နည်း ကျဆင်းလာမှုသည် ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပြည်သူများအပေါ် အထူးကျေးဇူး တင်ရှိပါကြောင်း၊ မကြာမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး တော့မည်ဖြစ်သော်လည်း ပြည်သူများ အနေဖြင့် တစ်ဦးချင်းကျန်းမာရေးအသိ၊ ကျန်းမာရေး သတိဖြင့်သာ ဆက်လက်နေရဦးမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အပြင်တွင် အလုပ်လုပ်ကိုင်နေသည့် အခြေခံ လူတန်းစားများကို ဦးစားပေးအနေဖြင့် ထိုးနှံပေးစေလိုကြောင်း၊ စက်ရုံ၊ အလုပ်ရုံရှိ ဝန်ထမ်းများ လကုန်ပြီး(၄/၅)ရက်တွင် လစာများအား တစ်နေရာတည်း လူစုလူဝေးဖြင့် လစာထုတ်ယူ နေမှုများလည်း ကြားသိနေရပြီး သက်ဆိုင်ရာဘဏ်များမှ ATM စက်များ စက်မှုဇုန်များအတွင်း နေရာများများ ထားရှိပေးစေ လိုကြောင်း၊ စက်ရုံပိုင်ရှင်များဘက်မှလည်း လစာများအား တစ်ရက်တည်း ထုတ်ပေးခြင်းအစား လကုန်ပြီး (၁/၂/၃)ရက်နေ့အလိုက် ခွဲ၍ အပိုင်းလိုက် ထုတ်ပေးပါက လူစုလူဝေး နည်းသွားနိုင်မည်ဖြစ်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကြိုတင် ညှိနှိုင်းဆောင်ရွက်ထားစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေး လုပ်ငန်းစဉ်အတွင်း တာဝန်ယူထားသည့် ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးသိန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် အသက်(၁၈)နှစ်အထက် စာရင်းကောက်ယူရာတွင် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ရန်နိုင်မောင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရောက်ရှိမည့်အခြေအနေ၊ ထားရှိမည့်နေရာနှင့် ထိုးနှံပေးသွားမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်းကောင်း အကြံပြုတင်ပြခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး များက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက် နေမှု၊ စျေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ထား ရှိမှု၊ ရပ်/ကျေး ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရေး၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများတွင် လူစုလူဝေး မဖြစ်ပေါ်စေရေး ဆောင်ရွက်ထားရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ထွေ/အုပ်၊ ကော်မရှင်၊ ကျန်းမာရေး၊ လဝက၊ ပညာရေးစသည့် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့ဖြင့် အသက်(၁၈)နှစ် အထက် စာရင်းကောက်ယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြ ဆွေးနွေးခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည်စွက်လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

HOT NEWS
January 4,