ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အမျိုးသား တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ အမျိုးသား နှစ်ဦးအား မော်တော်ယာဉ် တစ်စီး နှင့်အတူ ဖမ်းဆီးခေါ်ဆောင်

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အမျိုးသား တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ အမျိုးသား နှစ်ဦးအား မော်တော်ယာဉ် တစ်စီး နှင့်အတူ ဖမ်းဆီးခေါ်ဆောင်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 03, 2026
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။


     အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက် ၈ နာရီတွင် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာနေ ဦးဇော်ထက်(၃၆)နှစ်နှင့် ဥယျာဉ်မှူးကျေးရွာနေ ကိုဇင်ကိုဝင်း(၂၄)နှစ်တို့သည် ဥယျာဉ်မှူးကျေးရွာနေ ဦးမင်းမင်း(၃၈)နှစ် ပိုင်ဆိုင်သည့် FAW မော်တော်ယာဉ်ဖြင့် ပဲခူးရိုးမအတွင်းသို့ ဝါးများသယ်ယူရန် သွားရောက်စဉ် ထုံးကြီးကျေးရွာအနီး အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား ငါးဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ ယာဉ်ပိုင်ရှင်ဖြစ်သူအား ဖုန်းဆက်ခေါ်ဆောင်ခိုင်းခဲ့ပြီး ဦးမင်းမင်းနှင့် ကြို့ပင်ထိုက်ကျေးရွာနေ ဦးကျော်ခိုင်(၄၆)နှစ်တို့ နှစ်ဦးမှ မော်တော်ယာဉ်ရှိရာ ထုံးကြီးကျေးရွာသို့ ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ဦးမင်းမင်းအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်၍ ဦးဇော်ထက်နှင့် ကိုဇင်ကိုဝင်းတို့အား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ ဦးမင်းမင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းနှင့် ဦးကျော်ခိုင်မှာ ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့အရပ်သားပြည်သူများအား ဖမ်းဆီးပြီး ဆင်ခြင်တုံတရားကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။