ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 31, 2026
၂၀၂၆ ခုနှစ်၊ မေ ၂၉ ရက်က ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၉ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အုတ်ဖိုကျေးရွာနေ ဒေါ်မအိ(ခ)အိအိခိုင်(၃၇)နှစ်၏နေအိမ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မြစ်ကျိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အောက်ထပ်ကွပ်ပျစ်ပေါ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်မအိ(ခ)အိအိခိုင်အား မြစ်ကျိုးနယ်မြေရဲစခန်း (ပ)၅၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သီရိမြိုင်ရပ်ကွက်နေ ဒေါ်ဝင်းသီရိထွန်း(ခ)သီရိ(၃၉)နှစ်၏နေအိမ်၌ နှစ်လုံးထီ လောင်း ကစား ပြုလုပ်နေကြောင်း သတင်းအရ မုပွန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ်ရှေ့ခန်း၌ နှစ်လုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်ဝင်းသီရိထွန်း(ခ) သီရိအား မုပွန်နယ်မြေရဲစခန်း (ပ)၁၀၅/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရိုးကုန်း ရပ်ကွက်နေ ထွန်းထွန်းဝင်း(၃၉)နှစ်၏နေအိမ်၌ နှစ်လုံးထီ လောင်း ကစားပြုလုပ်နေကြောင်း သတင်းအရ တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ဧည့်ခန်းအတွင်း၌ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ထွန်းထွန်းဝင်း အား တာမွေမြို့မရဲစခန်း (ပ)၃၄၂/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၃၄)ရပ်ကွက်နေ ဒေါ်နီနီအောင်(ခ)မချောစု(၄၇)နှစ်၏ နေအိမ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ်အတွင်း၌ နှစ်လုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် ဒေါ်နီနီအောင်(ခ)မချောစု အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၅၃၃/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
