ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု သင်တန်းဆင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု သင်တန်းဆင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 14, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၃

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူး (Master of Ceremony) သင်တန်းနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု (Video Editing) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ဝန်ထမ်းများအနေဖြင့် အခမ်းအနားမှူးအဖြစ် စနစ်တကျဆောင်ရွက်နိုင်ရန်၊ အရည်အသွေးပြည့်ဝသည့် ဓာတ်ပုံ၊ ဗီဒီယိုနှင့် သတင်းမှတ်တမ်းများရရှိစေရန်၊ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ယခုသင်တန်းတွင် အခမ်းအနားမှူး (MC) တစ်ဦး၏ ကျင့်ဝတ်(Ethics)များ၊ အသံနေအသံထား(Voice Modulation)နှင့် ကိုယ်အမူအရာ (Body Language) ဆိုင်ရာကျွမ်းကျင်မှုများ၊ ဗီဒီယိုရိုက်ကူးမှုအပိုင်းတွင် ရိုက်ကွင်းရိုက်ကွက်(Camera Angles) ရွေးချယ်မှုများ၊ တည်းဖြတ်မှု (Video Editing) အပိုင်းတွင် ရုပ်နှင့်အသံဟန်ချက်ညီညီ ပေါင်းစပ်ပြီး ပရိသတ်စိတ်ဝင်စားမည့် သတင်းမှတ်တမ်းအဖြစ် ဖန်တီးမှုအတွက် လက်တွေ့ကျသည့် နည်းစနစ်များ၊ သတင်းဓာတ်ပုံ ရိုက်ကူးခြင်းတွင် အလင်းအမှောင် (Lighting)၊ အချိုးအစား (Composition)နှင့် သတင်းတန်ဖိုး (News Value) ရှိအောင် ရိုက်ကူးရသည့်အတတ်ပညာများ၊ Photoshop ပိုင်းတွင် အရည်အသွေးပိုမိုကောင်းမွန်ပြီး သေသပ်လှပအောင်၊ သတင်းကျင့်ဝတ်နှင့်အညီ ပြုပြင်တည်းဖြတ်ရသည့် နည်းပညာများကို စေတနာအပြည့်ဖြင့် သင်ကြားပေးသည်ကို တွေ့မြင်သိရှိရပါကြောင်း၊ သင်တန်းသား များအနေဖြင့် သင်ခန်းစာများ၏ တန်ဖိုးကိုနားလည်ပြီး လက်တွေ့ကျွမ်းကျင်မှု (Skill) ရှိအောင်ဆက်လက်လေ့ကျင့်ကြရန်၊ လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အခမ်းအနားမှူး (Master of Ceremony) သင်တန်းသား သင်တန်းသူများကိုယ်စား နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သင်တန်းသူ ဒေါ်ခင်ကဗျာကျော်ကလည်းကောင်း၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု(Video Editing) သင်တန်းသား သင်တန်းသူများကိုယ်စား စီမံရေးရာဦးစီးဌာနမှ သင်တန်းသား ဦးအေးလကလည်းကောင်း ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါသင်တန်းတွင် အခမ်းအနားမှူး (Master of Ceremony) သင်တန်းတွင် သင်တန်းသား ၄၉ ဦးနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု (Video Editing) သင်တန်းတွင် သင်တန်းသား ၃၉ ဦး စုစုပေါင်း ၈၈ ဦး တက်ရောက်ပြီးမြောက်ခဲ့သည်။

သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပညာရှင်နည်းပြဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သတင်းစဉ်

HOT NEWS
January 4,