ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း စမ်းသပ်စိုက်ပျိုးခြင်းမှ ထွက်ရှိသည့် နေကြာစေ့များအား ကြိတ်ခွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း စမ်းသပ်စိုက်ပျိုးခြင်းမှ ထွက်ရှိသည့် နေကြာစေ့များအား ကြိတ်ခွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 25, 2024
image_latest


နေပြည်တော် ဧပြီ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်း၏ အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ရုရှားသဘာဝမြေဩဇာအသုံးပြု၍ စမ်းသပ်စိုက်ပျိုးခြင်းမှ ထွက်ရှိသည့် မြန်မာနေကြာမျိုးနှင့် ရုရှားနေကြာစေ့များ ကြိတ်ခွဲဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ် ရုံးတော ကျေးရွာရှိ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ရုရှားသဘာဝမြေဩဇာ အသုံးပြု၍ စမ်းသပ်စိုက်ပျိုးခြင်းမှ ထွက်ရှိလာသည့် မြန်မာနိုင်ငံမှ ရေဆင်းမျိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Norma ၊ Bravo ၊ Excellent စသည့် ဆီထွက်သီးနှံ နေကြာစေ့များ၊ ပျဉ်းမနားမြို့နယ် Myanmar Agribusiness Public Cooperation Linited (MAP-CO) ဆန်စက်ဝင်းအတွင်းရှိ နေကြာအခွံချွတ်စက်ဖြင့် အခွံချွတ်နေမှုများ ကိုလည်းကောင်း၊ အခွံချွတ်ပြီး နေကြာစေ့များအား လယ်ဝေးမြို့နယ် တောင်တွင်း ဆီစက်တွင် ဆီကြိတ်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နေကြာစေ့များအား အခွံချွတ်ပြီးမှ ဆီကြိတ်ခြင်းသည် ဆီအရည်အသွေး ပိုမိုကောင်းမွန် နိုင်ကြောင်း၊ စမ်းသပ်စိုက်ပျိုးခဲ့သည့် နေကြာမျိုး အလိုက် နေကြာစေ့အား အခွံမချွတ်ဘဲကြိတ်ခြင်းမှ ထွက်ရှိလာသော ဆီပမာဏ၊ အခွံချွတ်ပြီး ကြိတ်ခြင်းမှထွက်ရှိလာသော ဆီပမာဏ၊ ရေဓာတ်ပါဝင်မှုနှုန်းများကို စနစ်တကျတိုင်းတာတွက်ချက်ထားရန် လိုအပ်ကြောင်း၊ နေကြာမျိုးအလိုက် ဆီထွက်နှုန်း၊ တွက်ခြေ ကိုက်မှု ရှိ၊ မရှိ၊ အားသာချက်၊အားနည်းချက်များကို ဖော်ထုတ်ပြီး ဆက်လက်စမ်းသပ်သည့်အခါတွင် အားနည်းချက်များကိုပြုပြင်၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ရုရှားသဘာဝမြေဩဇာ အသုံးပြု၍ နွေစပါး စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,