ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း လန်ချန်း-မဲခေါင် ရွှေရောင်အနာဂတ်များဆီသို့ ရုပ်သံမှတ်တမ်း အစီအစဉ်အတွက် တွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြား

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း လန်ချန်း-မဲခေါင် ရွှေရောင်အနာဂတ်များဆီသို့ ရုပ်သံမှတ်တမ်း အစီအစဉ်အတွက် တွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ့ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ Yunnan Media Group (YMG) တို့ ပူးပေါင်းရိုက်ကူးလျက်ရှိသည့် “လန်ချန်း-မဲခေါင် ရွှေရောင်အနာဂတ်များဆီသို့” ရုပ်သံမှတ်တမ်း အစီအစဉ်တွင် ပြန်ကြားရေးကဏ္ဍမှတစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုတိုးမြှင့်လာစေရန် ဆောင်ရွက်ပေးမှုနှင့်စပ်လျဉ်း၍ ပူးပေါင်းရိုက်ကူးရေးအဖွဲ့၏ တွေ့ဆုံမေးမြန်းမှုကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံဖြေကြားသည်။

ထိုသို့ လက်ခံဖြေကြားရာတွင် “မဲခေါင်- လန်ချန်း” ပူးပေါင်းစီမံကိန်းသည် မဲခေါင်ဒေသခွဲ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေပြီး ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် CCTV နှင့်ပူးပေါင်း၍ “မဲခေါင်-လန်ချန်း ခရီးသွားအစီအစဉ်”နှင့် ၂၀၁၉ ခုနှစ်တွင် YMG နှင့်ပူးပေါင်း၍ “တောင်ပိုင်း ပိုးလမ်းမသစ်ကြီး မှတ်တမ်းရုပ်ရှင်” တို့ကို ရိုက်ကူးထုတ်လုပ်ခဲ့ပြီး နှစ်ဖက်ရုပ်သံလိုင်းများတွင် ပြသခဲ့ပါကြောင်း၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့သည့် Twin City Media Forum ကိုလည်း ဝန်ကြီးဌာနများ၊ ပြင်ပမီဒီယာများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ဦးဆောင်ကာ နှစ်နှစ်ဆက်တိုက် တက်ရောက်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံမီဒီယာများအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဖလှယ်မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မီဒီယာကဏ္ဍဖြင့် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအပြင် ပြည်သူအချင်းချင်းဆက်ဆံရေးကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်ပြီး ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုမိုခိုင်မြဲစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

“လန်ချန်း-မဲခေါင် ရွှေရောင်အနာဂတ်များဆီသို့” ရုပ်သံမှတ်တမ်းအစီအစဉ်ကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း၏ ၈ နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင် ၆ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အထင်ကရစီမံကိန်းများနှင့် အောင်မြင်မှုများကို မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ Yunnan Media Group (YMG) တို့ ပူးပေါင်းရိုက်ကူး လျက်ရှိသည့် တစ်နှစ်တာစီမံကိန်းဖြစ်ပြီး တစ်ပိုင်းလျှင် မိနစ် ၃၀ ဖြင့် အပိုင်းငါးပိုင်း ရိုက်ကူးသွားမည်ဖြစ်ကြောင်း၊ အဆိုပါရုပ်သံမှတ်တမ်းအစီအစဉ်တွင် မြန်မာနိုင်ငံအတွင်း လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေးစီမံကိန်းအရ ရန်ကုန်မြို့ရှိ အမျိုးသား ဇာတ်ရုံ အဆင့်မြှင့်တင်မွမ်းမံပြင်ဆင်ခြင်း၊ ဒလတံတားတည်ဆောက်ခြင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC)တွင် နည်းပညာဆိုင်ရာ သုတေသနဆောင်ရွက်ခြင်းနှင့် မန္တလေးမြေငလျင်ကြီးအတွင်း တရုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ခဲ့သူများနှင့် တွေ့ဆုံမေးမြန်းမှုများအား ရိုက်ကူးခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းကို ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်းနှင့် အဆိုပါရုပ်သံမှတ်တမ်းအစီအစဉ်အား တည်းဖြတ်ပြီးစီးပါက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်ဖက်ရုပ်သံလိုင်းများတွင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,