ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ လက်လုပ်ချိန်ကိုက်မိုင်းထောင်ဖောက်ခွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံး ပြန်လည်ပြုပြင်မှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ လက်လုပ်ချိန်ကိုက်မိုင်းထောင်ဖောက်ခွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံး ပြန်လည်ပြုပြင်မှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 11, 2026
image_latest


နေပြည်တော် ဇွန် ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ လက်လုပ်ချိန် ကိုက်မိုင်းထောင်ဖောက်ခွဲမှုခံရသည့် မြို့နယ်ဦးစီးမှူး ရုံးသို့သွားရောက်ကာ မြို့နယ်ရုံးအတွင်းရှိ ပြည်သူများနားနေဆောင်၌ ယာယီရုံးဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား နှုတ်ဆက်အားပေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ဖြည့်ဆည်းပေးသည်။

ယင်းနောက် လုပ်ငန်းဆောင်ရွက်နေချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် ဗုံးစထိမှန်ပျက်စီးသွားသည့် ရုံးအဆောက်အအုံအား ပြန်လည်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြို့နယ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ မြို့နယ်ဦးစီးမှူးထံ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးခန်းမ၌ စစ်ကိုင်းခရိုင်နှင့် မြို့နယ်ရုံးအသီးသီးမှ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ စေတနာရှင်ပြည်သူတစ်ဦးက စစ်ကိုင်း မြို့နယ်ရုံးအတွက် လှူဒါန်းသည့် ထောက်ပံ့ငွေများကို ခရိုင်အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ ဗုံးစထိမှန်ဒဏ်ရာရရှိသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများ ကလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်