ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း မိသားစုများ၏ သားသမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ  

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း မိသားစုများ၏ သားသမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ  


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 28, 2026


    ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေ ၂၇ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၈)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်သည်။

    အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူနှင့် ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

    ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏ သားသမီးများဖြစ်သော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူ ၃၁၃၄ ဦးအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ရာ တပ်ဖွဲ့/ဦးစီးဌာနအလိုက် ကျောင်းသား၊ ကျောင်းသူများက လက်ခံခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

    ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းမိသားစုများ၏ သားသမီးများဖြစ်ကြသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် မူလတန်း ကျောင်းသား/ကျောင်းသူ ၁၄၀၅ ဦး၊ အလယ်တန်း ကျောင်းသား/ကျောင်းသူ ၉၄၁ ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၄၇၆ ဦး၊ တက္ကသိုလ်ပညာသင်ကြားမည့် ကျောင်းသား/ ကျောင်းသူ ၃၁၂  ဦး၊ စုစုပေါင်းကျောင်းသား/ကျောင်းသူ ၃၁၃၄ ဦးတို့အား ပထမအကြိမ်အဖြစ်  ပညာသင်ထောက်ပံ့ကြေး ၁၆၁.၄၈၅ သန်းနှင့် ကျောင်းသုံးဗလာစာအုပ် ၂၈၂၆ ဒါဇင်တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။