မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / July 26, 2025


     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ မြတ်လေးလမ်းနေ မျိုးသက်လွင်(ခ)ကိုမျိုး (၅၂)နှစ်သည် ၎င်း၏နေအိမ် ဈေးဆိုင်ခန်း၌ နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မျိုးသက်လွင်(ခ)ကိုမျိုးအား နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် မျိုးသက်လွင်(ခ)ကိုမျိုး အား ပွင့်ဖြူမြို့မရဲစခန်း၌ လည်းကောင်း။

     အလားတူ ညနေ ၅ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေကြာအင်း(၁)ရပ်ကွက်နေ ဒေါ်ညိုထွေး(၄၀)နှစ်၏နေအိမ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အောက်ထပ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်ညိုထွေး အား တောင်တွင်းကြီးမြို့မရဲစခန်း၌ လည်းကောင်း လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,