မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍ အသံမိုင်း တစ်လုံး ဖောက်ခွဲ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍ အသံမိုင်း တစ်လုံး ဖောက်ခွဲ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 22, 2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ  စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍ အသံမိုင်း တစ်လုံး ဖောက်ခွဲမှု မှတ်တမ်းဓာတ်ပုံ။


     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၏နေအိမ်အရှေ့ဘက် ပေ ၂၀ ခန့်အကွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍ အသံမိုင်း တစ်လုံးအား ဖောက်ခွဲသွားခဲ့ကြောင်း၊ ပေါက်ကွဲခဲ့မှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့မှု မရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,