မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 27, 2026

     ၂၀၂၆ ခုနှစ်၊ မေ ၂၆ ရက် နံနက် ၇ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ဆရာ၊ ဆရာမများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများအား ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။