မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်း၊ ၁၃၅ လမ်းနှင့် ၁၃၆ လမ်းကြား၊ (ဈ)ရပ်ကွက်တွင် နေအိမ်မီးလောင်မှု
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်း၊ ၁၃၅ လမ်းနှင့် ၁၃၆ လမ်းကြား၊ (ဈ)ရပ်ကွက်တွင် နေအိမ်မီးလောင်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 30, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက် နံနက် ၄ နာရီ ၄၂ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်း၊ ၁၃၅ လမ်းနှင့် ၁၃၆ လမ်း ကြား၊ (ဈ)ရပ်ကွက်ရှိ ပိုင်ရှင် ဦးအောင်သက်လွင်၏ ၁၅ x ၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်တစ်ထပ်နေအိမ်တွင် လျှပ်စစ်ပလပ်ခုံ အပူလွန်ကဲရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ကြီးတံခွန် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၅ စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၅ x ၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်တစ်ထပ် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်သက်လွင်အား ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
