မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 07, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဝါးတိုးရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းမကြီး(လမ်းဟောင်း)ပေါ်၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရမည်းသင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ဦးထွန်းဇေ(၃၄)နှစ်သည် YGN-14/1P-XXXX HONDA FIT မော်တော်ယာဉ်အား ရန်ကုန်-မန္တလေးလမ်းမကြီး(လမ်းဟောင်း)အတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ယာဉ်ကြောမရှင်းဘဲ “ဂ” ကွေ့အား ကွေ့စဉ် လားရာတူ ၎င်း၏အနောက်မှ မင်္ဂလာဒုံမြို့နယ်နေ ထက်ဝေဦး(၂၃)နှစ် မောင်းနှင်လာသည့် SHYAN 110 ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ထက်ဝေဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ထွန်းဇေ အား ရမည်းသင်းမြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
