မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြို့မစျေးအနီးရှိ ရွှေဆိုင်များ၌ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်မှုနှင့်ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြို့မစျေးအနီးရှိ ရွှေဆိုင်များ၌ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်မှုနှင့်ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 28, 2026
၂၀၂၆ ခုနှစ်၊ မေ ၂၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြို့မစျေးအနီးရှိ ရွှေဆိုင်များ၌ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်မှုနှင့် ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ အခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ ခရိုင်အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတာဝန်ခံ၊ မြို့နယ်အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။