မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မဟာမေဃဝန်စာသင်တိုက်၌ (၁၂၁) ကြိမ်မြောက် လေးမြို့နယ် ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ ဝိနည်းစာတော်ပြန်ပွဲ အခမ်းအနား ကျင်းပ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မဟာမေဃဝန်စာသင်တိုက်၌ (၁၂၁) ကြိမ်မြောက် လေးမြို့နယ် ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ ဝိနည်းစာတော်ပြန်ပွဲ အခမ်းအနား ကျင်းပ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 03, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မဟာမေဃဝန်စာသင်တိုက်၌ (၁၂၁)ကြိမ်မြောက် ပေါင်-သထုံ-ဘီးလင်း-ကျိုက်ထို လေးမြို့နယ် ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ ဝိနည်းစာတော်ပြန်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ အလှူရှင်များနှင့်အတူ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြောင်း သတင်းရရှိပါသည်။