မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အတွင်း မီးခိုးမြူငွေ့ လျှော့ချရေးနှင့် တောမီးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အတွင်း မီးခိုးမြူငွေ့ လျှော့ချရေးနှင့် တောမီးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 06, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူးနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့သည် မြို့နယ်အတွင်း မီးခိုးမြူငွေ့လျော့ချရေးနှင့် Fire Hotspot ဖြစ်ပေါ်နေမှု အခြေအနေများ၊ နယ်စပ် ဖြတ်ကျော်မီးခိုးမြူငွေ့ Fire Hotspot နှင့် တောမီးအန္တရာယ်ဆိုင်ရာတို့နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။