မွန်ပြည်နယ်၊ ရေးမြို့နယ်၌ တူတော်စပ်သူမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အဒေါ်ဖြစ်သူ သေဆုံး
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ တူတော်စပ်သူမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အဒေါ်ဖြစ်သူ သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 20, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါရပ်ကွက်နေ ဒေါ်ခင်စန်းရီ(၄၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် တူတော်စပ်သူ ရေးမြို့နယ်၊ ဖလံချောင်းဝကျေးရွာနေ မောင်ဖြူ(၃၀)နှစ် ရောက်ရှိလာပြီး အမွေကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့သည်ကို မကျေနပ်၍ သေနတ်အတို(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်ခင်စန်းရီတွင် ဦးခေါင်းနောက်စေ့ ကျည်ထိမှန် ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ တရားခံ မောင်ဖြူ အား ဖမ်းဆီးရမိနိုင်ရေးအတွက် ရေးမြို့မရဲစခန်း (ပ)၉၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
