ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တို့၌ နှစ်လုံးထီ လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တို့၌ နှစ်လုံးထီ လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 22, 2025


     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ဝေဘာဂီလမ်းနှင့် နွယ်နီလမ်းထောင့်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ စောရန်ပိုင်အရှေ့ရပ်ကွက်နေ ဒေါ်အေးအေးသိန်း(၄၇)နှစ်အား နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း တစ်လုံး၊ လောင်းကြေးငွေ ၃၉,၀၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အေးအေးသိန်း အား အလုံမြို့မရဲစခန်း (ပ)၂၈၂/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် လည်းကောင်း။
     အလားတူ ညနေ ၄ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ကန်သာယာရပ်ကွက်၊ ဗန္ဓုလလမ်း အရောက်၌ နှင်းပုလဲကျေးရွာနေ အောင်ခန့်ဦး(ခ)ဖိုးတရုတ်(၂၀)နှစ် မောင်းနှင်ပြီး ကန်သာယာ ရပ်ကွက်နေ ကျော်မျိုးလွင်(ခ)ဂျူးဂျူး(၃၅)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်အား သတင်းအရ ရပ်တန့်စစ်ဆေးရာ ၎င်းတို့ နှစ်ဦးထံမှ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း သုံးလုံး၊  လောင်းကြေးငွေ ၁,၂၆၄,၀၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်ခန့်ဦး(ခ)ဖိုးတရုတ်နှင့် ကျော်မျိုးလွင်(ခ)ဂျူးဂျူးတို့ နှစ်ဦးအား ဘီးလင်းမြို့မရဲစခန်း (ပ)၃၃၇/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က)ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,