ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကန်ရွာကျေးရွာဘုန်းကြီးကျောင်း၌ သီးထပ်စိုက်ဧကများ ရာသီချိန်အမီ အပြည့်အဝစိုက်ပျိုးနိုင်ရေးအတွက် တောင်သူနည်းပညာပေးပွဲ အခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကန်ရွာကျေးရွာဘုန်းကြီးကျောင်း၌ သီးထပ်စိုက်ဧကများ ရာသီချိန်အမီ အပြည့်အဝစိုက်ပျိုးနိုင်ရေးအတွက် တောင်သူနည်းပညာပေးပွဲ အခမ်းအနား ကျင်းပ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 06, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်၊ ကန်ရွာကျေးရွာဘုန်းကြီးကျောင်း၌ သီးထပ်စိုက်ဧကများ ရာသီချိန်အမီ အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် တောင်သူနည်းပညာပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တောင်သူများနှင့်အတူ တက်ရောက်ခဲ့ကြပြီး ဒေသခံတောင်သူများ၏ မေးမြန်းချက်များအပေါ် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါသည်။