ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သုံးခွမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သုံးခွမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 30, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၂၆ ရက်နှင့် ၂၇ ရက်တို့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သုံးခွမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့၌ နှစ်လုံး၊ သုံးလုံးထီလောင်း ကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၂၆ ရက် မွန်းလွဲ ၃ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ ဈေးကုန်း(အနောက်)ရပ်ကွက်နေ ဒေါ်ယဉ်ယဉ်အေး(၄၅)နှစ်၏ နေအိမ်ဈေးဆိုင်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်း၏နေအိမ်ဈေးဆိုင်အတွင်း ဒေါ်ယဉ်ယဉ်အေးအား နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ယဉ်ယဉ်အေး အား အင်းစိန်မြို့မရဲစခန်း(ပ)၄၉၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။

     အလားတူ မေ ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် သုံးခွမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဦးမြင့်ဌေးဦး (၇၀)နှစ်၏နေအိမ်၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သုံးခွမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ၎င်း၏နေအိမ် နောက်ဖေးခန်းအတွင်း နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မြင့်ဌေးဦး အား သုံးခွမြို့မရဲစခန်း (ပ)၆၃/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။

     အလားတူ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် သုံးခွမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ  အောင်သူရ (ခ)သူရ(၄၃)နှစ်၏နေအိမ်၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ  သုံးခွမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အောင်သူရ (ခ)သူရအား နေအိမ်အတွင်း နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်သူရ(ခ) သူရ အား သုံးခွမြို့မရဲစခန်း (ပ)၆၄/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။

     ထို့အတူ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာနေ အောင်ကိုကိုဇော်(၃၃)နှစ်၏နေအိမ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကျောက်တန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ အောင်ကိုကိုဇော်အား ၎င်း၏လက်ကိုင်ဖုန်းအတွင်းမှ နှစ်လုံးထီ လောင်းကစားပြုလုပ်သည့် မှတ်တမ်းနှင့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျောက်တန်း မြို့မရဲစခန်း (ပ)၅၄/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။