ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 03, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၁၉၇ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက် နံနက် ၇ နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ဟဲနန်းကျေးရွာအုပ်စု၊ ဟွေကုန်းကျေးရွာနှင့် ကျောင်းပေါ်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇၀ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ ဆောဆားကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၆ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၁၀ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ထီပေါင်းကျေးရွာ အုပ်စု၊ ပြဒိန်ကျေးရွာနှင့် ထီတရကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅၁ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၁၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာ အုပ်စု၊ ဖက်ရမ်းကြီးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၈ နာရီ ၁၀ မိနစ်မှ ညနေ ၄ နာရီ ၄၀ မိနစ်ထိ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့နယ်၊ မိုင်းကိုး ကျေးရွာအုပ်စု၊ ကျတဲတိုဘိုကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၁ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီထိ မိုင်းဆက်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းဆတ်မြို့နယ်၊ ခကြားတိုကျေးရွာအနီး တစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၉ ဧကခန့်အား လည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
