ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ နေအိမ် မီးလောင်မှု

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ နေအိမ် မီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 03, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၂ ရက် ည ၁၂ နာရီ ၄၅ မိနစ်ခန့်က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ ပိုင်ရှင် ဒေါ်အေးမူ၏ နေအိမ်တွင် အိမ်ငှား ဦးဝင်းသိန်းဦး (၂၉)နှစ် နေထိုင်သော  ၁၅ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်း တစ်ထပ် နေအိမ်အနီးရှိ အမှိုက်ပုံတွင် ဆေးလိပ်တို မီးပစ်ထားခဲ့ရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်မဲခရိုင်မီးသတ် စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၁ မိနစ်တွင် မီး ငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ၁၅ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်း တစ်ထပ် နေအိမ် တစ်လုံး၊ ၄၀ x ၃၀ ပေ၊ အုတ်ညှပ် နှစ်ထပ် နေအိမ်(အနည်းငယ်) မီး လောင်ပျက်စီးခဲ့ကြောင်းနှင့် ဦးဝင်းသိန်းဦး အား ကျောက်မဲမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

HOT NEWS
January 4,