ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၌ ငွေကျပ် ၈,၆၆၈ ဒသမ ၆၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၌ ငွေကျပ် ၈,၆၆၈ ဒသမ ၆၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 26, 2026
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။


     ၂၀၂၆ ခုနှစ်၊ မေ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အနီး ပင်လုံ-ကျောက်တန်း-တောင်ကြီးသွားကားလမ်း၌ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနေ ဟန်ထူးအောင်(၄၈)နှစ် မောင်းနှင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်နေ မျိုးသူကို(၂၄)နှစ် လိုက်ပါလာသော TOYOTA FORTUNER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ မျိုးသူကိုထံမှ စိတ်ပြောင်းဆေးဝါး HAPPY WATER ၅ ဂရမ်(တစ်ဂရမ်လျှင် ငွေကျပ် ၁၃,၀၀၀ နှုန်းဖြင် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၆၅,၀၀၀)အား ဖမ်းဆီးရမိခဲ့ကြောင်း။
     ဆက်လက်ရှာဖွေခဲ့ရာ မော်တော်ယာဉ်ပေါ်မှ ၎င်းတို့ နှစ်ဦး သိုဝှက်ထည့်သွင်း သယ်ဆောင်လာသည့် ဘိန်းဖြူဘလောက်တုံး ၂၇၂ တုံး၊ အလေးချိန် ၉၅ ဒသမ ၂ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၉၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၈၅၆၈ သိန်း)၊ စိတ်ပြောင်းဆေးဝါး HAPPY WATER ၁ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၁၀၀ )နှင့် ငွေကျပ် ၁၅ သိန်းတို့အား ဖမ်းဆီးရမိသဖြင့် ဟန်ထူးအောင်နှင့်  မျိုးသူကိုတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။