သဘာဝဘေးဒဏ်သင့်ဒေသများ၌ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်ပေးသွားမည်

သဘာဝဘေးဒဏ်သင့်ဒေသများ၌ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်ပေးသွားမည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 01, 2026
image_latest


နေပြည်တော် ဒီဇင်ဘာ ၃၁

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၅) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆) စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကကြုံတွေ့ခဲ့သည့် သဘာဝဘေးဖြစ်စဉ်များအပေါ် သုံးသပ်ပြီး သဘာဝဘေးမဖြစ်ပေါ်မီ ဘေးကျရောက်နိုင်သည့် ဒေသများတွင် ကြိုတင်ပြင်ဆင် ဇာတ်တိုက်ခြင်းများ၊ ဖြစ်ပေါ်လာပါက အရေးပေါ်ဆောင်ရွက်ရမည့် အချက်များ အသိပညာပေးခြင်း၊ သင်တန်းပေးခြင်းများ ဆောင်ရွက်ထားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ သဘာဝဘေးဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှုနည်းပါးအောင် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ အရေးပေါ်တုံ့ပြန်နိုင်ရေးဆောင်ရွက်ခြင်း၊ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများအားရေတို၊ ရေရှည်ဆောင်ရွက်နိုင်ရေး အတွက် ကြိုတင်အစီအမံများ ဆောင်ရွက်ထားရန်နှင့် ဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း။

သဘာဝဘေးဒဏ်သင့် ဒေသများတွင် လိုအပ်သောအသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးနှင့် အထိရောက်ဆုံးဆောင်ရွက်ပေးကြရန်၊ ဆောင်ရွက်သည့်နေရာတွင် ထိခိုက်ပျက်စီးမှုအပေါ်မူတည်၍ ဦးစားပေးအဆင့်သတ်မှတ်ပြီး တစ်ဆင့်ချင်းစီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန်၊ သဘာဝ ဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင်လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကူညီကယ်ဆယ်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ကော်မတီဝင်သက်ဆိုင်ရာဌာနများက တာဝန်သိစိတ်ဖြင့် တာဝန်ယူဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြားသည်။

ထို့နောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းလွင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေဖြင့် မန္တလေးငလျင်ကြီးတွင် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးလက်လမ်းများ၊ ကျေးလက်ကုန်ထုတ်လမ်းတံတား များ၊ ရွာတွင်းလမ်းများ၊ မီးလင်းရေးနှင့် ရေပေးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးခဲ့သည့်အခြေအနေ၊ အရေးပေါ်ကာလတွင် သောက်သုံးရေဖြန့်ဝေပေးမှုနှင့် ဝန်ကြီးဌာန၊ ဦးစီးဌာနများရှိ ဝန်ထမ်းအိမ်ရာများတွင် စက်ရေတွင်း တူးဖော်ပေးမှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ကျေးလက်အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးခဲ့သည့် အခြေအနေ၊ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးခဲ့မှုအခြေအနေ၊ ထောက်ပံ့လှူဒါန်းမှုများ၊ ပြန်လည်ထူထောင်ရေး အတွက် ဆက်လက်ဆောင်ရွက် ပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက သဘာဝဘေးဒဏ် သင့်ဒေသများ၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် မျိုး၊ သွင်းအားစုနှင့် အရင်းအနှီး ထောက်ပံ့ပေးမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်ပေးထားမှုများနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချပေးခဲ့သည့်အခြေအနေကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းတင်ပြကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,