အစားအသောက်လုပ်ငန်းများ နမူနာကောက်ယူစစ်ဆေးခြင်းကို ဇွန်လလယ်တွင် စတင်မည်

အစားအသောက်လုပ်ငန်းများ နမူနာကောက်ယူစစ်ဆေးခြင်းကို ဇွန်လလယ်တွင် စတင်မည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 10, 2026
image_latest


ရန်ကုန် ဇွန် ၉

အစားအသောက်လုပ်ငန်းများအား ဘေးအန္တရာယ်ဖြစ်နိုင်ခြေအရ နမူနာကောက်ယူစစ်ဆေးခြင်းကို ဇွန်လလယ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ကြေညာထားသည်။

FDA အနေဖြင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် (လုပ်ငန်းသစ်/သက်တမ်းတိုး) လျှောက်ထားလာသော လုပ်ငန်းများကို ညွှန်ကြားချက် (၆/၂၀၂၅) နှင့်အညီ ထောက်ခံချက်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် နမူနာကောက်ယူစစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ထောက်ခံချက်ထုတ်ပေးပြီးနောက်ပိုင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်တွင်းအစားအသောက်လုပ်ငန်းများအတွက် E-Submission မှတစ်ဆင့် အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (Risk Based Inspection and Certificate System SOP for Local Food Manufacturing) ပါအတိုင်း ဘေးအန္တရာယ်ဖြစ်နိုင်ခြေအရ နမူနာကောက်ယူစစ်ဆေးခြင်းအား ဆောင်ရွက်မည်ဟုပါရှိသည်။ ထို့ကြောင့် ယင်းစစ်ဆေးခြင်းအား ဇွန်လ ၁၅ ရက်နေ့မှစတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အစားအသောက် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကြေညာထားသည်။

MT