ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 20, 2024
image_latest


နေပြည်တော် ဧပြီ ၁၉

ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံ၌ ကျင်းပသည်။

ကြည်ညို

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယနေပြည်တော် သံဃနာယကအဖွဲ့ဝင် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်း တိုက်ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်သာသနာရေးမှူးနှင့် ဂေါပက အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နေပြည်တော်ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက် ဆရာတော်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကာဆရာတော်၊ သံဃာတော်များ ထံဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် စာအုပ်များ၊ ပရိတ်ရေ၊ ပရိတ်ပန်းများ ဆက်ကပ်လှူဒါန်း၍ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,