ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ သုံးဘီးဆိုင်ကယ် တိမ်းမှောက်၍ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ သုံးဘီးဆိုင်ကယ် တိမ်းမှောက်၍ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 17, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ သုံးဘီး ဆိုင်ကယ် တိမ်းမှောက်၍ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက် နံနက် ၂ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ လပွတ္တာ-ထိပ်စွန်သွားကားလမ်း ကုန်းအတက်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်ခရိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ငပုတောမြို့နယ်၊ ဒီးဒူးကုန်း ကျေးရွာနေ ထက်ပိုင်ဖြိုး(၂၃)နှစ် မောင်းနှင်ပြီး ၎င်း၏မိဘများဖြစ်သည့် ဦးမျိုးနိုင်(၅၅)နှစ်နှင့် ဒေါ်မငယ် (၄၈)နှစ်တို့ လိုက်ပါလာသော KAMAX-150 နီ/ပြာရောင် သုံးဘီးဆိုင်ကယ်သည် ဘုန်းစိုးကြီးသင်္ဘောဆိပ်မှ ကြက်စာများတင်ဆောင်၍ ကျောက်ကလပ်ကျေးရွာသို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ ကုန်းအတက် အရောက်၌ ဂျွိုင်းဆက်ပြုတ်ကာ တိမ်းမှောက်ခဲ့သဖြင့် ဒေါ်မငယ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ထက်ပိုင်ဖြိုးနှင့် ဦးမျိုးနိုင်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ထက်ပိုင်ဖြိုး အား ပြင်ခရိုင်နယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
