ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 21, 2026
၂၀၂၆ ခုနှစ်၊ မေ ၁၉ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်း မိုင်တိုင်အမှတ် ၈၅ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဘက်ရဲနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကြံခင်းမြို့မှ မြန်အောင်မြို့ဘက်သို့ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်နေ ကိုမျိုးချမ်းမြေ့ကို(၂၉)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဦးနိုင်ကြည်(၆၄)နှစ် လိုက်ပါလာသည့် 2F-XXXX MITSUBISHI FUSO ၁၂ ဘီး မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သဖြင့် ကိုမျိုးချမ်းမြေ့ကိုနှင့် ဦးနိုင်ကြည်တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် မျိုးချမ်းမြေ့ကို အား ဘက်ရဲနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
