၁၃၈၅ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေးလုပ်ငန်းများ မြို့တော်ဝန်ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

၁၃၈၅ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေးလုပ်ငန်းများ မြို့တော်ဝန်ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 28, 2024
image_latest


ရန်ကုန် မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက်ပိုင်း တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော်အတွက် မြို့တော်ခန်းမရှေ့ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တည်ဆောက်နေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မဏ္ဍပ်များကြံ့ခိုင် ကောင်းမွန်အောင်တည်ဆောက်ရေး၊ ယာဉ်သွားလာမှု အနှောင့်အယှက်မဖြစ်စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းအကြား မဟာဗန္ဓုလပန်းခြံလမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်ပွဲ ခင်းကျင်းပြင်ဆင်နေမှုနှင့် ဖျော်ဖြေရေးမဏ္ဍပ်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်တွင် လမ်းတစ်လျှောက် ရေမှုန်ရေမွှားလျှောက်လမ်း၊ ရေကစားမဏ္ဍပ်များ၊ ဂီတအနုပညာရှင်များ၏ ဖျော်ဖြေရေးမဏ္ဍပ်တို့နှင့်အတူ စားသောက်ဆိုင်ခန်းပေါင်း ၁၅၀ ပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် ပြည်သူ့ရင်ပြင် ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ရေမှုန်ရေမွှားလျှောက်လမ်းများနှင့် ရောင်စုံထီးများဖြင့် အလှဆင်ဆောင်ရွက်နေမှု၊ ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ် တည်ဆောက်နေမှု၊ တောင်ထန်းတဲများနေရာချထားမှု၊ ရေပိုက်များသွယ်တန်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းနှင့် ရွှေတိဂုံစေတီ ပတ်လမ်းထောင့်သို့သွားရောက်၍ ရွှေတိဂုံစေတီတော်ပတ်လမ်း၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ်ဦးမှ အနောက်ရွှေဂုံတိုင်လမ်းဆုံအထိ မူလလမ်းအား ထပ်မံ၍ အကျယ်ကိုးပေ တိုးချဲ့ကွန်ကရစ်ခင်းကျင်း နေမှုနှင့် လူသွားစင်္ကြံ ဆောင်ရွက်နေမှုလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီ မင်္ဂလာကန်တော်သို့ သွားရောက်၍ RC Driving Pile အခြေပြု သံကူကွန်ကရစ်တံတား လူလျှောက်လမ်းတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်နှင့်တစ်ပြေးညီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,