၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 24, 2024
image_latest


နေပြည်တော် ဧပြီ ၂၄

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၉၇ ဦး၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၃ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၇၀ ဦးနှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၅ ဦးတို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော်(ရေ) ရေကြောင်းလူငယ်သင်တန်းစခန်း ၁၀ ခုမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၁၈ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများကို နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းတွင် သင်တန်းသား ၇၀ ဦး၊ မိတ္ထီလာမြို့ရှိ မြန်မာပြည် မြောက်ပိုင်းသင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ မိတ္ထီလာသင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ မန္တလေးမြို့ရှိ မန္တလေးသင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားသင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ တောင်ကြီးမြို့ရှိ တောင်ကြီးသင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံသင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ တောင်ငူမြို့ရှိ တောင်ငူသင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ ပြည်မြို့ရှိ ပြည်သင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ မကွေးမြို့ရှိ မကွေးသင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ ပုသိမ်မြို့ရှိ ပုသိမ်သင်တန်းစခန်းမှ ၅၀ ဦး၊ ရန်ကုန်မြို့ရှိ ရန်ကုန်သင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ မှော်ဘီမြို့ရှိ မြန်မာပြည်တောင်ပိုင်း သင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ မြိတ်မြို့ရှိ မြိတ်သင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်သင်တန်းစခန်းတွင် သင်တန်းသား ၅၀ ဦး၊ ကိုကိုးကျွန်းမြို့ရှိ ကိုကိုကျွန်းသင်တန်းစခန်းတွင် သင်တန်းသား ၃၀ ဦးတို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော်(လေ) လေကြောင်းလူငယ်သင်တန်းစခန်း ၁၇ ခုမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၅၀ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,