မိုင်းဖြတ်မြို့နယ် အင်ပါကူ(အင်ပါဆန်း) ကျေးရွာ၌ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
မိုင်းဖြတ်မြို့နယ် အင်ပါကူ(အင်ပါဆန်း) ကျေးရွာ၌ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / December 22, 2025
မိုင်းဖြတ်မြို့နယ် အင်ပါကူ(အင်ပါဆန်း) ကျေးရွာ၌ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
မိုင်းဖြတ် ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ခရိုင် မိုင်းဖြတ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၆၆ ဒသမ ၂၈ သန်း ဖြင့် ဆောင်ရွက်သည့်အင်ပါကူ(အင်ပါဆန်း)ကျေးရွာ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေများ ကို ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်သဇင်၊ မိုင်းဖြတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မေလွင် နှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာ ရေပေးရေး ကော်မတီဝင်များနှင့်အတူ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများ ကို ကွင်းဆင်းစစ်ဆေးပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်သဇင် ဆောင်ရွက်ပြီးဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ မိုင်းဖြတ်မြို့နယ်အတွင်း အရှည် ၁၀၅၆၀ ပေ ရေပိုက်သွယ်တန်းခြင်း နှင့် ဂါလံ ၅၀၀၀ ဆံ့ အုတ် ရေကန် တည်ဆောက်ခြင်း လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၆၆ ဒသမ ၂၈ သန်းဖြင့် စောမွန်သစ် ကုမ္ပဏီမှ ယခုနှစ် စက်တင်ဘာ ပထမ ပတ်က စတင်၍ တာဝန်ယူ ဆောင်ရွက်ခဲ့ ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း မိုင်းဖြတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင် ပြောပြ၍ သိရသည်။
