ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ပအိုဝ်းလူမျိုး သမိုင်းဆိုင်ရာ စာအုပ်စာတမ်း ပေးအပ်လှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ပအိုဝ်းလူမျိုး သမိုင်းဆိုင်ရာ စာအုပ်စာတမ်း ပေးအပ်လှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ မွန်ပြည်နယ် / July 22, 2019
image_latest


 
နေပြည်တော် ဇူလိုင် ၂၁
ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲနှင့် အလှူငွေလက်ခံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သာသနာ (၂၅ဝဝ) ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ရှင်းလင်းပြောကြား
ရှေးဦးစွာ ပရိယတ္တိဝေဒီကျောင်းဆရာတော် ဘဒ္ဒန္တပါလရာမညထံမှ ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များက ငါးပါးသီလ ခံယူဆောက် တည်ကြပြီး ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော် မူကြသည်။ ယင်းနောက် မွန်ပြည်နယ် ကော့ပလိုင်ကျောင်းဆရာတော် ဘဒ္ဒန္တကေတုမာလာ၊ လမိုင်းကျောင်း ဆရာတော် ဘဒ္ဒန္တ သောဘဏနှင့် ကန်းနီကျောင်းဆရာတော် ဘဒ္ဒန္တသိလိန္ဒတို့က ဩဝါဒစကား ချီးမြှင့်တော်မူသည်။ ထို့နောက် ဟံသာ ထောကျောင်းဆရာတော် ဘဒ္ဒန္တ သီလဝန္တက သာသနာ(၂၅ဝဝ) ရာမညဗိမာန်ကျောင်းနှင့် စပ်လျဉ်း၍ အလှူရှင်များအား ရှင်းလင်းပြောကြားသည်။
ဝါဆိုသင်္ကန်းများ ဆက်ကပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ဇနီး မိသားစုတို့က သာသနာ (၂၅ဝဝ) ရာမညဗိမာန်ကျောင်း (၅) ထပ်ဆောင် ဆောက်လုပ်ရန် အတွက် အလှူတော်ငွေ ကျပ်သိန်း(၁ဝဝ)နှင့် ရပ်နီးရပ်ဝေး အလှူရှင်များက ဆရာတော်၊ သံဃာ တော်များထံ အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များက ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က ဝန်ကြီးဌာနတွင် ရည်ညွှန်း အသုံးပြု ရန်အတွက် ပအိုဝ်းလူမျိုးသမိုင်းဆိုင်ရာ စာအုပ်စာတမ်းများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ ပေးအပ် လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ချီးမြှင့်သည်။
ရေစက် သွန်းလောင်း
ယင်းနောက် ပရိယတ္တိဝေဒီကျောင်းဆရာတော် ဘဒ္ဒန္တပါလရာမညက အနုမောဒနာတရား ချီးမြှင့်ပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
နေ့ဆွမ်းဆက်ကပ်
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများ၊ အလှူရှင်ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
သတင်းစဉ်