သစ်တော ဦးစီးဌာနသို့ မီးသတ်ယာဉ်နှင့် ကွန်ပျူတာများပေးအပ်လှူဒါန်း

သစ်တော ဦးစီးဌာနသို့ မီးသတ်ယာဉ်နှင့် ကွန်ပျူတာများပေးအပ်လှူဒါန်း


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / September 12, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၁၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနသို့ Korea Forest Service and Asian Forest Cooperation Organization(AFoCO)မှ မီးသတ်ယာဉ်နှင့်ကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး Korea Forest Service မှ Minister Mr.Kim Jae Hyun နှင့် (AFoCO) မှ အမှုဆောင်ဒါရိုက်တာ Mr. ChenchoNorbu တို့က နှုတ်ခွန်းဆက် စကားပြော ကြားကြသည်။

ထို့နောက် Korea Forest Service မှ Minister Mr.Kim Jae Hyun နှင့် (AFoCO) မှ အမှုဆောင်ဒါရိုက်တာ Mr. ChenchoNorbu တို့က မီးသတ်ယာဉ်များ၊ ကွန်ပျူတာ များနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအားပေးအပ်ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယနေ့အခမ်းအနားတွင် Korea Forest Service နှင့် AFoCO Secretariat တို့ပူးပေါင်း၍ သစ်တောမီးဘေးကာကွယ် ထိန်းသိမ်းခြင်းလုပ်ငန်းအစီအစဉ်များ အထောက်အကူ ပြုနိုင်ရေးအတွက် သစ်တောဦးစီးဌာနသို့ မီးသတ်ယာဉ် (၄) စီးနှင့် ကွန်ပျူတာ (၂၄) လုံးလှူဒါန်းခဲ့ကြောင်းသိရှိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် Korea Forest Serviceတို့ ပူးပေါင်း၍ အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း တည်ထောင်ခြင်း နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၁၄ ခုနှစ် ဩဂုတ် ၁ ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် သင်တန်းကျောင်း ဧရိယာသည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်စေ့နှင့် ပျိုးပင် ထုတ်လုပ်ရေးဌာန ဝန်းအတွင်းဖြစ်ပြီး စီမံကိန်းကာလမှာ၂၀၁၄-၂၀၁၅ ခုနှစ်မှ ၂၀၂၃-၂၀၂၄ ခုနှစ်ထိ (၁၀) နှစ်ကာလဖြစ်သည်။ စီမံကိန်းကာလအတွင်း အာဆီယံ ဒေသတွင်း အဆင့် သင်တန်း ကျောင်းတည်ဆောက်၍ အဖွဲ့ဝင်နိုင်ငံများမှ သင်တန်း သားများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာသင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သုတေသနလုပ်ငန်းများနှင့် လေ့လာရေး အစီအစဉ်များကို ပြည်တွင်း ပြည်ပ ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,