သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / April 25, 2019


၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ၊ နေရာအချို့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် ဗုံးဖောက်ခွဲများကြောင့် အပြစ်မဲ့ပြည်သူ ရာပေါင်းများစွာသေဆုံးခဲ့ရပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကြေကွဲဖွယ်ဖြစ်ရပ်များကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ သမ္မတနှင့် ဝန်ကြီးချုပ်တို့ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာများကို အသီးသီးပေးပို့ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် ရှုတ်ချလျက် အကြမ်းဖက်မှုများအားလုံးကို ဆန့်ကျင်သည့် ၎င်း၏ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုကြောင်း ဖော်ပြပါရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်

HOT NEWS
January 4,