ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာနမှ ပြည်သူသို့ပေးနေသောဝန်ဆောင်မှုများ


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / April 19, 2018

ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန

ဝန်ဆောင်မှုလုပ်ငန်းများ

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စက်ရုံနှင့်မော်တော်ယာဉ်ဌာန၊ ရေပုပ်စုပ်စက်ယာဉ်ဌာနစုမှ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များသို့ ရေပုပ်စုပ် ယာဉ်ကြီး(၃၀)စီး၊ ယာဉ်ငယ်(၁၅)စီးဖြင့် ၀န်ဆောင်မှု ပေးပါသည်။

၂။ ငှားရမ်းအသုံးပြုနိုင်သည့် ယာဉ်အမျိုးအစားမှာ ဂါလံ(၁၂၀၀/၈၀၀)ဆံ့ ယာဉ်ကြီးနှင့် ဂါလံ( ၄၀၀) ဆံ့ ယာဉ်ငယ်များဖြစ်ပါသည်။

၃။ ၁.၁၂.၂၀၁၅ ရက်နေ့မှစ၍ အောက်ဖော်ပြပါ နှုန်းထားများအတိုင်း ပြင်ဆင်ကောက်ခံပါသည်-

န်ဆောင်ခ

စဉ်

ဝန်ဆောင်မှုပြုမြို့နယ်

ဝန်ဆောင်မှုနှုန်းထား

 

ယာဉ်ကြီး - ယာဉ်ငယ်

(က)

လှိုင်သာယာ၊ ပုလဲမြို့သစ်၊ ဝါယာလက်၊ ထောက်ကြန့်၊ ရွှေပြည်သာ၊ ပတ္တမြား မြို့သစ်။

၄၁၀၀၀ ကျပ် ၃၂၀၀၀ ကျပ်
(ခ) မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ မ/ဥက္ကလာ၊ ရွှေပေါက်ကံ၊ သန်လျင်၊ ဒဂုံမြို့သစ် (တ/မ/ရှေ့/ ဆိပ်ကမ်း) ၃၃၀၀၀ ကျပ်

၂၆၀၀၀ ကျပ်

(ဂ)

လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ သာကေတ၊ တ/ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ ဒလ။

၃၁၀၀၀ ကျပ် ၂၄၀၀၀ ကျပ်
(ဃ)

ဒဂုံ၊ ဗဟန်း၊ တာမွေ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်။

၂၉၀၀၀ ကျပ် ၂၂၀၀၀ ကျပ်

၄။ ရေပုပ်စုပ်ယာဉ် ငှားရမ်းလိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများ၌ လည်းကောင်း၊ ဒေါပုံမြို့နယ်၊မင်းနန္ဒာလမ်းနှင့် ရှုခင်းသာလမ်းဒေါင့်၊ ယမုံနာ၀င်း( ဒေါပုံသင်္ဘောကျင်းမှတ်တိုင်အနီး)၊ ရေပုပ်စုပ်ယာဉ်ဌာနစု၌ လည်းကောင်း ရုံးဖွင့်ရက် နံနက်(၉:၃၀)နာရီမှ ညနေ(၂:၃၀)နာရီအတွင်း လိုအပ်သော ယာဉ်ကြီး/ငယ်အလိုက် ကျသင့်ငွေ ပေးသွင်းငှားရမ်းနိုင်ပါသည်။

၅။ ရေပုပ်စုပ်ယာဉ် နှင့်ပတ်သက်သောကိစ္စများ သိရှိလိုပါက ဖုန်း - ၀၉-၄၅၀၀၆၄၂၇၆၊ ၀၉-၂၆၂၆၄၀၄၉၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


ရေပုပ်စုပ်ယာဉ်ငှားရမ်းခြင်း ငွေပေးသွင်းသူများ ကြိုတင်သိရှိရန်အချက်များ

၁။ လုပ်ငန်းဆောင်ရွက်ရမည့် အိမ်ရှိရာလမ်းသို့ ဝင်/ထွက်နိုင်မည့် ယာဉ်အရွယ်အစား(ယာဉ်ကြီး/ယာဉ်ငယ်) စီစစ်ငှားရမ်းပါရန်။ ရေပုပ်စုပ်ယာဉ်ဝင်မရ/လုပ်ငန်းဆောင်မရွက်ပါက ဌာနသို့ ပေးသွင်းငွေပြန်လည် ထုတ်ယူ၍ မရပါ။

၂။ ရေပုပ်စုပ်ယာဉ်ဝင်၍ မရနိုင်ဟု ယာဉ်မောင်း သုံးသပ်သောလမ်းသို့ မဖြစ်မနေဝင်ရောက်စေပါက ဖြစ်ပေါ်လာသော ကိစ္စအဝဝကို ငှားရမ်းဆောင်ရွက်သူ အိမ်ရှင်မှ တာဝန်ယူဖြေရှင်းပေးရန်။

၃။ ကြိုတင်ငွေ ပေးသွင်းရာ၌ ဆက်သွယ်ရန် ပေးထားသောဖုန်းမှာ လုပ်ငန်းဆောင်ရွက်ရမည့် အိမ်တွင် အမြဲရှိနေနိုင်သော ဖုန်းဖြစ်ရန်။

၄။ ရေပုပ်စုပ်ရန် ချိန်းဆိုထားသော နေ့ရက်တွင် လုပ်ငန်းကိစ္စပြောဆိုနိုင်သူတစ်ဦးရှိနေစေရန်။

၅။ ရေပုပ်စုပ်ကားနှင့် ရေပုပ်ကန်သည် ပေ(၁၀၀)အတွင်းသာရှိရန်။ပေ(၁၀၀)ကျော်ခြင်း၊ ရေပုပ်မဟုတ်ဘဲ အမှိုက်များ၊မြေခဲများ၊သဲများ ရှိနေခြင်းတို့အား စုပ်ယူ၍မရပါ။

၆။ ရေပုပ်စုပ်ကား ရောက်ရှိလာပြီး ငှားရမ်းသူ၏ ချို့ယွင်းမှုကြောင့် လုပ်ငန်းမဆောင်ရွက်နိုင်ခဲ့လျှင် ဌာနသို့ ပေးသွင်းငွေ ပြန်လည်ထုတ်ယူ၍ မရပါ။

၇။ ရေပုပ်စုပ်ယာဉ် လုပ်ငန်းဆောင်ရွက်ပြီးပါက လုပ်ငန်းပြီးစီးကျေနပ်ကြောင်း ပုံစံ၌ လက်မှတ်ရေးထိုးပေးရန်။

၈။ ချိန်းဆိုထားသော နေ့ရက်တွင် အကြောင်းအမျိုးမျိုးကြောင့် ရေပုပ်စုပ်ယာဉ်မလာရောက်နိုင်ပါက ဌာနမှ ဖုန်းဖြင့် အသိပေးအကြောင်းကြားပါမည်။

၉။ ရေပုပ်စုပ်ယာဉ်ကိစ္စနှင့်ပတ်သက်၍ သိလိုသည်များရှိပါက ရုံးချိန်အတွင်း ဖုန်း - ၀၉-၄၅၀၀၆၄၂၇၆၊ ၀၉-၂၆၂၆၄၀၄၉၆ များသို့ ဆက်သွယ်စုံစမ်းပါရန်။

Website လိပ်စာ

https://www.ycdc.gov.mm