ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ပြည်သူသို့ပေးနေသောဝန်ဆောင်မှုများ


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / April 19, 2018

ဝန်ဆောင်မှုများ

(၁) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ သန့်ရှင်းရေးဆိုင်ရာဆောင်ရွက်နေမှုများ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နမိတ်အတွင်းအခွန်အခများ စည်းကြပ်ကောက်ခံသည့် မြို့နယ်များရှိ လမ်းမကြီးများနှင့် လမ်းသွယ်များမှ အမှိုက်များကို စနစ်တကျ လှဲသိမ်းယူစွန့်ပစ်ခြင်း။

အခွန်အခကောက်ခံသောမြို့နယ်များ မြို့နယ်/ရပ်ကွက်များတွင် ပြည်သူများအမှိုက် စွန့်ပစ်ရန် သင့်လျော်သော အမှိုက်သိမ်းစနစ်များကို စီမံဆောင်ရွက်ပေးခြင်း။

အမှိုက်သိမ်းစနစ်များကို အစဉ်ဆောင်ရွက်နိုင်ရေးအတွက် အမှိုက်စွန့်ပစ်ရန် နေရာသတ်မှတ်ခြင်း၊ အမှိုက်ကန်များ တည်ဆောက်ခြင်း၊ အမှိုက်ပုံးများ ချထားပေးမှုများ စီမံဆောင်ရွက်ခြင်း။

အခွန်အခ ကောက်ခံခြင်းမပြုသော အစိုးရဌာန အဆောက်အအုံများ၊ ပရိဝုဏ်များ၊ ဝန်းခြံများအတွင်း အမှိုက်သရိုက်ရှင်းလင်းရေး၊ ထွက်ရှိအမှိုက်များကို ဌာနကသတ်မှတ်သော အမှိုက်စွန့်ပစ်နေရာသို့ သယ်ယူစွန့်ပစ်ရေးများ ညွှန်ကြားဆောင်ရွက်ခြင်း။

  သိမ်းဆည်းပြီးသောအမှိုက်များကို အပြီးသတ်စွန့်ပစ်ရန်အတွက် အစီမံများပြုလုပ်ခြင်း။

အများပြည်သူသုံး အဆင့်မြင့်အခပေးအိမ်သာများကို သန့်ရှင်းစွာထားရှိပေးခြင်း။

  သုဿာန်များကို စနစ်တကျဖွင့်လှစ်၍ မြေမြှုပ်ခြင်း၊ မီး သင်္ဂြိုဟ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။

  ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရန် ရေထု၊ လေထု၊ မြေထုညစ်ညမ်းခြင်း၊ အသံဆူညံခြင်း စသည်တို့အတွက်ဓါတ်ခွဲစမ်းသပ်ခြင်း၊ လိုအပ်သောအကာအကွယ်များ ပြုလုပ်စီမံကွပ်ကဲ ညွှန်ကြားအုပ်ချုပ်ပေးခြင်း။

  စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကို ဥပဒေ၊ နည်းဥပဒေ အမိန့်ညွှန်ကြားချက်များအတိုင်း အရေးယူဆောင်ရွက်ခြင်း။


(၂) အမှိုက်အမျိုးအစားများခွဲခြားခြင်း

  • မီးဖိုချောင်ထွက်အမှိုက်ဆိုသည်မှာ ခြံထွက်အမှိုက်မှအပ နေအိမ်များ၊ အိမ်ခန်းများနှင့် မီးဖိုချောင်များမှ အသုံးမလို၍ စွန့်ပစ်သော အခြားအမှိုက်သရိုက်များကို ဆိုလိုသည်။
  • ခြံထွက်အမှိုက်ဆိုသည်မှာ ခြံအတွင်းခုတ်ထွင်ရှင်းလင်းရာမှ ထွက်ရှိလာသော သစ်ပင်၊ သစ်ကိုင်း၊ သစ်ခက်များ၊ ခြုံနွယ်များ၊ အသုံးမလို၍ စွန့်ပစ်သော အဆောက်အအုံအစိတ် အပိုင်းများ၊ ပရိဘောဂအဟောင်းအပျက်များကို ဆိုလိုခြင်းဖြစ်သည်။
  • စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်ဆိုသည်မှာ စက်ရုံနှင့် အလုပ်ရုံများမှ အသုံးမလို၍ စွန့်ပစ်သော အမှိုက်များကို ဆိုလိုသည်။
  • တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်ဆိုသည်မှာတည်ဆောက်ရေးလုပ်ငန်းများမှ စွန့်ပစ်သော အမှိုက်ကိုဆိုလိုသည်။
  • စီးပွားရေးလုပ်ငန်းထွက် အမှိုက်ဆိုသည်မှာ စီးပွားရေးလုပ်ငန်းမှ အသုံးမလို၍ စွန့်ပစ်သော ပစ္စည်းများကိုဆိုလိုသည်။
  • သာမာန်အမှိုက်ဆိုသည်မှာ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေး လုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်တို့မှအပ မီးဖိုချောင်ထွက်အမှိုက်စနစ် နှင့် အခြားအမှိုက်သရိုက်များကို ဆိုလိုသည်။
  • စက်ဆုပ်ဖွယ်ရာဆိုသည်မှာ တိရိစ္ဆာန်အသေကောင်၊ တိရိစ္ဆာန်ချေး၊ ပုပ်စပ်နံစော်သည့် အရာဝတ္ထု၊ မနှစ်မြို့ဖွယ်ရာသွေး၊ အရည် (ဝါ) အညစ်အ​ကြေးကို ဆိုလိုသည်။
  • ဆေးရုံဆေးခန်း စွန့်ပစ်ပစ္စည်းဆိုသည်မှာ မြို့တော်နယ်နမိတ်အတွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ အသင်းအဖွဲ့ပိုင်ဆေးရုံများ၊ ဆေးကုသခန်းများနှင့် ဆေးပေးခန်းများမှ အသုံးမလို၍ စွန့်ပစ်သောပစ္စည်းများကို ဆိုလိုသည်။

(၃) ဌာနမှဆောင်ရွက်ပေးလျက်ရှိသည့်အမှိုက်သိမ်းစနစ်များနှင့်အချိန်၊စွန့်ပစ်ခွင့်ရှိသည့်အမှိုက်အမျိုးအစား

  • အမှိုက်ကန်စနစ်။ ညနေ ၆:၀၀နာရီ မှ ည၁၁:၀၀နာရီအထိ တစ်ကြိမ်၊ နံနက် ၆:၀၀နာရီ မှ ၁၀:၀၀နာရီအထိ တစ်ကြိမ်။

  • အမှိုက်ပုံစနစ်။ မြို့နယ်များတွင် ချထားပေးသော Euro Standard Size အမှိုက်ပုံးများတွင်လည်းကောင်း၊ အမှိုက်ကန်များတွင်လည်းကောင်း သတ်မှတ်ထားသည့် အချိန်အတိုင်း စွန့်ပစ်နိုင်ပါသည်။
  • ခေါင်းလောင်းတီးစနစ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းရရှိထားသည့် နေ့ရက်နှင့် အချိန်များတွင် ယာဉ်/ လှည်းဖြင့် ခေါင်လောင်းတီးအမှိုက်သိမ်းစနစ်ကို ဆောင်ရွက်ပါသည်။

အထက်ပါအမှိုက်သိမ်းစနစ်(၃)ခုစလုံးတွင်ကော်မတီမှသတ်မှတ်ပေးထားသည့်အမှိုက်အိတ်အစိမ်းအပြာများဖြင့်လုံခြုံစွာ ချည်နှောင်၍ စွန့်ပစ်ပေးရပါမည်။ မီးဖိုချောင်ထွက် အမှိုက်များကိုသာ စွန့်ပစ်ရမည်ဖြစ်ပါသည်။


(၄) အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ်

  • အမှိုက်အစိုများဖြစ်သော မီးဖိုချောင်ထွက်အမှိုက်များ၊ စားကြွင်းစားကျန်များ၊ ဘုရားပန်းများ အစရှိသည့် အမှိုက်များကို အပြာရောင်အိတ်ဖြင့် လုံခြုံစွာ ချည်နှောင်၍ နေ့စဉ် စွန့်ပစ်နိုင်ပါသည်။
  • အမှိုက်အခြောက်များဖြစ်သော စက္ကူစ၊ ဖော့ဘူး၊ ပလတ်စတစ်၊ ကစားစရာအကျိုးအပဲ့များ၊ သတ္ထုအပိုင်းအစများ၊ ဝါယာကြိုးစများ အစရှိသည့် အမှိုက်စများကို အစိမ်းရောင်အိတ်ဖြင့် လုံခြုံစွာချည်နှောင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် စွန့်ပစ်နိုင်ပါသည်။

(၅) မြို့နယ်အလိုက်ကောက်ခံသည့်သန့်ရှင်းရေးဆောင်ရွက်ခနှုန်းထားများရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနယ်နိမိတ် အတွင်းရှိမြို့နယ်ပေါင်း (၃၂)မြို့နယ်ကို အောက်ပါအတိုင်း အုပ်စု(၃)စုခွဲ၍ (၃)လလျှင် တစ်ကွာတာ သတ်မှတ်ပြီး(ဒဂုံဆိပ်ကမ်းမြို့နယ်(ယုဇနအိမ်ရာ)(၁)လတစ်ကြိမ်) သန့်ရှင်းရေးဆောင်ရွက်ခအား On Line စနစ်ဖြင့်ပြေစာထုတ်ပြီး ၁၀/၂၀၁၄မှစ၍ ကောက်ခံလျက်ရှိပါသည်။


ဆောင်ရွက်လျက်ရှိသည့် အမှိုက်သိမ်းစနစ်များနှင့် အချိန်၊ စွန့်ပစ်ခွင့်ရှိသည့် အမှိုက်အမျိုးအစား

  • ဖွံ့ဖြိုးမှုရှိသည့်မြို့နယ်(၁၅)မြို့နယ်အတွက် တစ်ရက်လျှင် ၂ဝိ/-နှုန်းဖြင့် (၃)လ တစ်ကွာတာ ၁၈ဝဝိ/-
  • ဖွံ့ဖြိုးမှုရှိသည့်(၁၅)မြို့နယ်နှင့် ဆက်စပ်နေသော မြို့နယ်(၁၀)မြို့နယ်အတွက် တစ်ရက်လျှင် ၁၅/-နှုန်းဖြင့် (၃)လ တစ်ကွာတာ ၁၃၅ဝိ/-
  • ဆင်ခြေဖုံးမြို့နယ်(၇)မြို့နယ်အတွက် တစ်ရက်လျှင် ၁ဝိ/-နှုန်းဖြင့် (၃)လ တစ်ကွာတာ ၉ဝဝိ/-

အထက်ပါကောက်ခံမှုမှာ အိမ်တိုင်ရာရောက် Door to Door သိမ်းဆည်းပေးခြင်းမဟုတ်ဘဲ ကော်မတီမှ သတ်မှတ်ထားသော အမှိုက်သိမ်းစနစ်များဖြင့်
မီးဖိုချောင်ထွက် အမှိုက်များကိုသာ စွန့်ပစ်မှုအတွက် ကောက်ခံခြင်းဖြစ်ပါသည်။


(၆) စီးပွားရေးအမှိုက်သိမ်းဆည်းကောက်ခံခြင်းများ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများမှ Hotel, Motel, Inn, Guest House များနှင့် ဆေးရုံ/ ဆေးခန်းများ၏ အမှိုက်သိမ်းဆည်းခကို လုပ်ငန်းအမျိုးအစား/ အရွယ်အစားပေါ် မူတည်၍ နှုန်းထားများကို အောက်ပါအတိုင်း သတ်မှတ်ကောက်ခံလျက်ရှိပါသည်။

  • စီးပွားရေးလုပ်ငန်းများ အနည်းဆုံး (၅၀၀ိ)မှ အများဆုံး (၆၀၀၀၀၀ိ)ထိ

  • ဆေးရုံ/ ဆေးခန်း အနည်းဆုံး (၁၅၀၀ိ)မှ အများဆုံး (၆၀၀၀၀၀ိ)ထိ
  • Hotel, Motel, Inn, Guest House များ အနည်းဆုံး (၄၀၀၀ိ)မှ အများဆုံး (၄၀၀၀၀၀ိ)ထိ

(၇) သီးခြားအမှိုက်သိမ်းဆည်းခ (On Call)။ မီးဖိုချောင်ထွက် အမှိုက်နှင့် သာမန်စီးပွားရေး လုပ်ငန်းမှအမှိုက် များမှအပ တည်ဆောက် ရေးလုပ်ငန်းထွက်အမှိုက်များ၊ စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်များ၊ ခြံထွက်အမှိုက်များနှင့် သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံခြင်းမရှိသော နေရာများမှထွက်သော အမှိုက်များကို သိမ်းဆည်းလိုပါက ဌာနမှ သတ်မှတ်ထားသော အောက်ပါ ယာဉ်အမျိုးအစားအလိုက် နှုန်းထား များ ပေးသွင်း၍ ငှားရမ်းစွန့်ပစ်နိုင်ပါသည်-

စဉ်

ယာဉ်အမျိုးအစား

နှုန်းထား(ကျပ်)

(က)

ကားသေး (၂.၅)တန်ယာဉ်
(အားမာန်သစ်/GBS)

၃၅၀၀၀/-

(ခ)

ကားလတ် (၅)တန်ယာဉ်
(Cheng Long)

၇၀၀၀၀/-

(ဂ)

ကားကြီး (၇.၅/၈)တန်ယာဉ်
(10 wheel Dump Truck၊ Power Plus၊ ပုံးကား)

၁၀၅၀၀၀/-

မှတ်ချက်။ (၁) အမှိုက်သိမ်းယာဉ်(စက်သုံးဆီအပါအဝင်)ငှားရမ်းခြင်း ဖြစ်ပါသည်။

(၂) လုပ်သားအင်အားဖြင့် ဆောင်ရွက်ပေးခြင်း မရှိပါ။

- စည်ပင်သာယာ သတ်မှတ်အမှိုက်သိမ်းလှည်း(၁)ခေါက်လျှင် ၂၅၀ဝိ/- နှုန်း


(၈) နောက်ဖေးလမ်းကြားအမှိုက်ရှင်းလင်းသိမ်းဆည်းမှု

နောက်ဖေးလမ်းကြားအမှိုက်များမှာ ပြည်သူများမှ စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်များ ဖြစ်သဖြင့် ကော်မတီအနေဖြင့် တရား၀င်သတ်မှတ်ထားသော အမှိုက်စွန့်ပစ်မှု စနစ်များ အတိုင်း သိမ်းဆည်း ဆောင်ရွက်ပေးမည်မဟုတ်ဘဲ သက်ဆိုင်ရာ လမ်း/ရပ်ကွက်မှသာ သိမ်းဆည်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့ရာတွင် ပြည်သူများအဆင်ပြေစေရန် အလို့ငှာ နောက်ဖေးလမ်းကြားအမှိုက်ရှင်းလင်းသိမ်းဆည်းမည်ဆိုပါက ကော်မတီမှ ယာဉ်ငှား ရမ်းခ ကင်းလွတ်ခွင့်ပြုပြီး ကုန်ကျမည့် စက်သုံးဆီသာကျခံပေးရမည် ဖြစ်ပါသည်။ ၄င်းအမှိုက်များကို ရှင်းလင်းသယ်ထုတ်ခြင်း၊ ယာဉ်ပေါ်တင်ခြင်းများကိုမူ သက်ဆိုင်ရာလမ်း/ရပ်ကွက်မှသာ တာ၀န်ယူဆောင်ရမည် ဖြစ်ပါသည်။


(၉) နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများသို့ မိမိအစီအစဉ်ဖြင့် အမှိုက်လာရောက်စွန့်ပစ်ပါကပေးဆောင်ရမည့် သတ်မှတ်နှုန်းထား

ကော်မတီ၏ အမှိုက်သိမ်းစနစ်တွင်လည်း ပါဝင်ခြင်းမရှိ၊ သီးခြားအမှိုက်သိမ်းဆည်းခ On Call စနစ်ဖြင့် အမှိုက်သိမ်းဆည်းခြင်းမျိုးလည်းမဟုတ်ဘဲ အမှိုက်များကို မိမိအစီအစဉ်ဖြင့် သယ်ယူ၍ သတ်မှတ်ထားသော နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများသို့ လာရောက်စွန့်ပစ်မည်ဆိုပါက သတ်မှတ်ထားသော အမှိုက်စွန့်ပစ်ခနှုန်းထားမှာ ကနဦးအမှိုက်တစ်တန်လျှင် ၅၀၀၀၀ိ/ နှုန်းဖြစ်ပြီး နောက်ထပ်တစ်တန်ပိုတိုင်း ၂၀၀၀၀ိ/နှုန်းပေးဆောင်ရန် သတ်မှတ်ထားပါသည်။


(၁၀) ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဆိုင်ရာ တားမြစ်ချက်များ

  • မည်သူမျှ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်း ထွက်အမှိုက်၊ ဆေးရုံ၊ ဆေးခန်းစွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်အမှိုက်များ၊ အီလက်ထရောနစ်စွန့်ပစ်အမှိုက်များနှင့် စက်ဆုပ်ဖွယ်အရာများကို ကော်မတီက သီးသန့်သတ်မှတ်ထားသည့် နေရာမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့်အမှိုက်ပုံရန်သတ်မှတ်ထားသည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင်လည်းကောင်း စွန့်ပစ်ခြင်းမပြုရ။

  • မည်သူမျှ အဆောက်အအုံမြေညီထပ်နှင့် အထပ်အလွှာအဆင့်ဆင့်မှ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို ရေမြောင်းအတွင်းသို့ဖြစ်စေ၊ အများပြည်သူနှင့်သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ ခြံ၀င်းအတွင်းသို့ဖြစ်စေ၊ လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်စေခြင်းမပြုရ။
  • မည်သူမျှ ပန်းဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်း၊ ကွပ်လပ်မြေများအတွင်းသို့ဖြစ်စေ၊ ရေမြောင်းအတွင်းသို့ ဖြစ်စေ၊ အများပြည်သူနှင့်သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ နောက်ဖေးလမ်းကြားသို့ဖြစ်စေ၊ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်စေခြင်းမပြုရ။
  • မည်သူမျှ အမှိုက်ပုံး၊ အမှိုက်ကန် သို့မဟုတ် အမှိုက်ပုံရန်သတ်မှတ်ထားသော နေရာတွင် ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ တူးခြင်း၊ ဆွခြင်း၊ သို့မဟုတ် ပြန့်ကျဲခြင်း မပြုရ။
  • မည်သူမျှ အမှိုက်ပုံနေရာတွင် စုပုံပြီးသောအမှိုက်ကို မြေဆွေးအဖြစ် ပြောင်းလဲအသုံးပြုရန်ဖြစ်စေ၊ အခြားနည်း အသုံးပြုရန်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်းမပြုရ။
  • မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့်စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်မှ စွန့်ပစ်သော ရေဆိုးများကို ကော်မတီက သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ထားခြင်းမရှိဘဲ ရေမြောင်းများနှင့် မြစ်ချောင်း များအတွင်းသို့ စွန့်ထုတ်ခြင်း၊ စီးဆင်းစေခြင်းမပြုရ။
  • မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ သုသာန်တွင် မြေမြှုပ်ထားသော သို့မဟုတ် ဂူသွင်းထားသော အလောင်းကို တူးဖော်ခြင်းသော်လည်းကောင်း၊ အအေးတိုက်အတွင်း ထားရှိသောအလောင်းကို ပြန်လည် ယူဆောင် ခြင်းသော်လည်းကောင်း မပြုရ။
  • မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ ဂူကိုဖောက်ထွင်းခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းရွှေ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း မပြုရ။
  • မည်သူမျှ ခွင့်ပြုချက်မရှိဘဲ-
    - သုသာန်မှအပ အခြားနေရာတစ်ခုခုတွင် အလောင်းကိုသင်္ဂြိုဟ်ခြင်း၊ အအေးခန်းဖြင့် ထားသိုခြင်းမပြုရ။
    - မိမိပိုင်အဆောက်အအုံကို အအေးတိုက်၊ အသုဘရှုအဆောင် သို့မဟုတ် မီးသင်္ဂြိုဟ်စက်အဖြစ် တည်ဆောက်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် လုပ်ကိုင်ခြင်းမပြုရ။
  • မည်သူမျှ ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရှိဘဲ အသုဘယာဉ်လုပ်ငန်း သို့မဟုတ် ခေါင်းအမျိုးမျိုး ပြုလုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။
  • မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အလောင်းသယ်ယာဉ်များနှင့် အသုဘယာဉ်များကို ကော်မတီက သတ်မှတ်ထားသည့် နေရာမှအပ အခြားနေရာတွင် ထားရှိခြင်း မပြုရ။
  • မည်သူမျှ မည်သည့်စွန့်ပစ်အမှိုက်အမျိုးအစားကိုမဆို ကော်မတီက သတ်မှတ်ထားသော နေရာမှအပ မိမိပိုင်ခြံ၀င်း၊ လုပ်ငန်းခွင်၊ အခြားပြင်ပမည်သည့် တစ်နေရာရာတွင်မဆို မီးရှို့ခြင်းမပြုရ။
  • မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းခြင်း၊ ထိုသို့ သိမ်းဆည်းအမှိုက်များကို ကော်မတီက သတ်မှတ်ထားသော အမှိုက်စွန့်ပစ်ရန်နေရာနှင့် အခြားနေရာများသို့ သယ်ယူစွန့်ပစ်ခြင်း မပြုရ။
  • မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့်စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်မှ လေထုညစ်ညမ်းမှုဖြစ်စေနိုင်သော စွန့်ပစ်အခိုးအငွေ့များကို သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ထားခြင်းမရှိဘဲ လေထုအတွင်းသို့ စွန့်ပစ်ခြင်း၊ စွန့်ထုတ်ခြင်းမပြုရ။

(၁၁) အများပြည်သူသုံးသန့်စင်ခန်းများ

ပြည်သူများလွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရန်အလို့ငှာ ကော်မတီမှ အများပြည်သူသုံးအဆင့်မြင့် သန့်စင်ခန်းများကို ဆောက်လုပ်ပေးလျက်ရှိရာ မြေပေါ်သန့်စင်ခန်း (၂၆)ခု၊ ရွှေ့လျားအပေါ့သွား သန့်စင်ခန်း (၄) ခု စုစုပေါင်း (၃၀)ခုကို အခပေးသန့်စင်ခန်းများအဖြစ် ထားရှိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။


(၁၂) ရွှေ့လျား Mobile သန့်စင်ခန်းများ

ပြည်သူများလိုအပ်လျက်ရှိပါက ငှားရမ်းအသုံးပြုနိုင်ရန်အတွက် ကော်မတီအနေဖြင့် ရွှေ့လျား (Mobile)သန့်စင်ခန်းများနှင့် ရွှေ့လျားသန့်စင်ခန်းယာဉ်တို့အား ပြုလုပ်ထားရှိပြီး ငှားရမ်းခ နှုန်းထားများမှာ တစ်ရက်လျှင် ရွှေ့လျားသန့်စင်ခန်းတစ်လုံး ၁ဝဝဝဝိ/-နှုန်း၊ ရွှေ့လျားသန့်စင် ခန်းယာဉ်တစ်စီး ကျပ် ၁၅၀၀၀၀/-နှုန်းတို့ ဖြစ်ပါသည်။


(၁၃) နာရေးကိစ္စများဆောင်ရွက်ရန် ခရိုင်အလိုက်မြို့နယ်များခွဲခြားသတ်မှတ်ခြင်း

(က) ရေဝေးသုဿန်

  • တောင်ဥက္ကလာပ
  • တာမွေ
  • ဒေါပုံ
  • ပုဇွန်တောင်
  • ဗိုလ်တထောင်
  • ဗဟန်း
  • မင်္ဂလာတောင်ညွန့်
  • မင်္ဂလာဒုံ
  • မရမ်းကုန်း(အရှေ့ခြမ်း)
  • မြောက်ဥက္ကလာပ
  • ရန်ကင်း
  • လှိုင် (အရှေ့ခြမ်း)
  • သင်္ဃန်းကျွန်း
  • အင်းစိန်(အရှေ့ခြမ်း)
  • ဒဂုံ(မြောက်)(မြောက်ဘက်ခြမ်း)

(ခ) ထိန်ပင်သုသာန်

ထိန်ပင်သုသာန်တွင် သင်္ဂြိုဟ်ရန်သတ်မှတ်ထားသည့် မြို့နယ်များမှ ရေဝေးသုသာန်တွင် အအေး ခန်းထားရှိပြီး သင်္ဂြိုဟ်လိုပါက နယ်ကျော်အခွင့်အရေးကြေး ၁၀၀၀၀ဝိ/- ပေးသွင်း ရမည်ဖြစ်ပြီး၊ သတ်မှတ်သုသာန်မဟုတ်ဘဲ တိုက်ရိုက်သင်္ဂြိုဟ်လိုပါက နယ်ကျော်အခွင့်အရေး ကြေး ပေးသွင်းရန် မလိုပါ။၊

  • ကျောက်တံတား
  • ကြည့်မြင်တိုင်
  • ကမာရွတ်
  • စမ်းချောင်း
  • ဒဂုံ
  • ပန်းဘဲတန်း
  • မရမ်းကုန်း(အနောက်ခြမ်း)
  • လှိုင်(အနောက်ခြမ်း)
  • လမ်းမတော်
  • လသာ
  • လှိုင်သာယာ(အနောက်ခြမ်း)
  • အင်းစိန်(အနောက်ခြမ်း)
  • အလုံ

(ဂ) ကျီစုသုသာန်

  • ဒဂုံ(ဆိပ်ကမ်း)

  • ဒဂုံ(တောင်)
  • ဒဂုံ(မြောက်)(တောင်ဘက်ခြမ်း)
  • ဒဂုံ(အရှေ့)
  • သာကေတ

(ဃ) ကျူချောင်သုသာန်

  • ရွှေပြည်သာ


(င) ဒလသုသာန်

  • ဒလ

(စ) ဆိပ်ကြီးခနောင်တိုသုသာန်

  • ဆိပ်ကြီးခနောင်တို


(ဆ) ဆိပ်ကြီးသုသာန်

  • ကြည့်မြင်တိုင်(တစ်ဘက်ကမ်း)၊ အလတ်ချောင်းကျေးရွာ

သုသာန်အအေးခန်းများတွင် ထားရှိပြီးသော ရုပ်အလောင်းများအား ဌာနခွင့်ပြုချက် မရှိဘဲ အခြားပြင်ပသို့ သယ်ဆောင်၍မရပါ။


(၁၄) သင်္ဂြိုဟ်ခြင်းဆိုင်ရာ လိုအပ်သောစာရွက်စာတမ်းများ

  • နာရေးဖြစ်ပေါ်သည့်အခါ အလောင်းသယ်ယူခြင်းအား သုသာန်များမှ(၂၄)နာရီ သယ်ယူပေးခြင်း အားဖြင့် ၀န်ဆောင်မှုပေးပါသည်။

  • ကာယကံရှင်မှ သုသာန်များသို့ တယ်လီဖုန်းဖြင့်လည်းကောင်း၊လူကိုယ်တိုင်လည်းကောင်း ဆက် သွယ်နိုင်ပါသည်။
  • ကာယကံရှင်၏ဆန္ဒအရ အအေးခန်းထားလိုခြင်းကိုဆောင်ရွက်ပေးပါမည်။
  • တိုက်ရိုက်သင်္ဂြိုဟ်မှုပြီးဆုံးသည်အထိ တာ၀န်ယူဆောင်ရွက်ပေးပါသည်။
  • သင်္ချိုင်းလက်မှတ်မပါလျှင် (လုံး၀)သယ်ဆောင်ခြင်းမပြုပါ။
  • အရိုးကောက်ခြင်းအတွက် ပြင်ပသို့ သယ်ယူမည်ဆိုပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။

(က) လျှောက်လွှာ

(ခ) လျှောက်ထားသူ၏ခံဝန်ချက်

(ဂ) မိသားစုမှကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်

(ဃ) သင်္ချိုင်းလက်မှတ်

(င) သန်းခေါင်စာရင်းမိတ္တူ

(စ) ကွယ်လွန်သူ၏မှတ်ပုံတင်မိတ္တူ

(ဆ) လျှောက်ထားသူ၏မိတ္တူ

  • ရဲမှုခင်းနှင့်ပတ်သက်သော အလောင်းများကို သက်ဆိုင်ရာရဲစခန်းများနှင့် ဆက်သွယ်ဆောင်ရွက် ပြီး အထောက်အထားဆိုင်ရာ ကင်းရှင်းမှသာ သင်္ဂြိုဟ်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေး ပါသည်။

(၁၅) အလောင်းသယ်ယူရန် အချိန်သတ်မှတ်ခြင်း

အလောင်းသယ်ယာဉ်များသည် သင်္ချိုင်းလက်မှတ်ပါရှိပြီးသောအလောင်းကို သယ်ယူရန်ဖြစ်ပါက (၂၄)နာရီအတွင်း သယ်ယူခွင့်ပြုသည်။ဆက်သွယ်ခေါ်ယူ သူနာရေး ရှင်းဘက်မှ (၁) ဦးသည် သယ်ယူမည့် အလောင်းသယ်ယာဉ်နှင့်အတူ လိုက်ပါရမည်ဖြစ်ပါသည်။


(၁၆) ရက်လွန်ဆေးဝါးများ ဖျက်ဆီးခြင်းအတွက် ဆောင်ရွက်ခသတ်မှတ်ခြင်း

  • မီးရှို့ဖျက်ဆီးမှုအတွက် မီးရှို့ချိန်တစ်နာရီ (ကျပ် ၁၀၀၀၀)နှုန်းကောက်ခံပါသည်။

  • တစ်နာရီထက် ကျော်လွန်သော (၁၅)မိနစ်တိုင်းအတွက် (ကျပ် ၂၅၀၀)နှုန်းကောက်ခံပါသည်။
  • အလုံပိတ်အင်္ဂတေ ကျင်းများတွင် စွန့်ပစ်ပါက မြေငှားရမ်းခအဖြစ် (၁)စတုရန်းပေလျှင် (ကျပ် ၅၀၀၀)နှုန်းကောက်ခံပါ သည်။
  • ၁ကုဗပေထက် ပိုမိုသည့် ထုထည်အတွက် ၁ ကုဗပေလျှင် (ကျပ် ၄၅၀၀) နှုန်းထပ်မံကောက်ခံပါ သည်။

(၁၇) စက်မှုဇုန်များ စစ်ဆေးသည့်စံနှုန်းများ

စက်မှုဇုန်များမှထွက်ရှိသော စွန့်ပစ်ရေဆိုးများအား အောက်ပါစံနှုန်းများဖြင့် စစ်ဆေးပါသည်။

  • PH 6.0- 9.6
  • BOD 20- 60 ppm
  • COD <200 ppm
  • TS up to 2000 ppm
  • SS up to 500 ppm

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနအနေဖြင့် စက်မှုဇုန်မှ ထွက်ရှိသည့် စွန့်ပစ် ရေဆိုးများနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များ

စွန့်ပစ်ရေဆိုး ထုတ်လွှတ်သည့် စက်ရုံ/အလုပ်ရုံများအား ဒဏ်ရိုက်အရေးယူခြင်း ဆောင်ရွက်ရန်အတွက် ၂၀၁၇ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ကော်မတီဝင်များ၏အစည်းအဝေး မှတ်တမ်း (၁၅/၂၀၁၇) အရ-

အရေးယူမှုများ

  • ပထမအကြိမ်ကျူးလွန်ပါက သတ်မှတ်ဒဏ်ငွေ၊
  • ဒုတိယအကြိမ်ကျူးလွန်ပါက သတ်မှတ်ဒဏ်ငွေ၏ ၂ဆ၊
  • တတိယအကြိမ်ကျူးလွန်ပါက သတ်မှတ်ဒဏ်ငွေ၏ ၃ဆ၊
  • စတုတ္ထအကြိမ်ကျူးလွန်ပါက စက်ရုံလုပ်ငန်းလိုင်စင်ပိတ်သိမ်း သည်အထိ ဆောင်ရွက်ရန်၊

စက်ရုံအမျိုးအစားအလိုက် သတ်မှတ်ဒဏ်ငွေ

  • ဒဏ်ငွေ ငါးသောင်းကျပ် ပေးဆောင်ရမည့် စက်ရုံများ
  • ဒဏ်ငွေ တစ်သိန်းကျပ် ပေးဆောင်ရမည့် စက်ရုံများ
  • ဒဏ်ငွေ နှစ်သိန်းကျပ် ပေးဆောင်ရမည့် စက်ရုံများ
  • ဒဏ်ငွေ သုံးသိန်းကျပ် ပေးဆောင်ရမည့် စက်ရုံများ

ဒဏ်ငွေ ငါးသောင်းကျပ် ပေးဆောင်ရမည့် စက်ရုံများ

  • အိမ်ဆောက်ပစ္စည်းစက်ရုံ
  • သစ်တောထွက်ပစ္စည်းစက်ရုံ
  • လျှပ်စစ်ပစ္စည်း
  • မော်တော်ကားတပ်ဆင်ခြင်းနှင့် ဆက်စပ်ပစ္စည်းထုတ်စက်ရုံ
  • သံရည်ကျို/သံထည်ပစ္စည်း/စတီး/အလူမီနီယံစက်ရုံ
  • စက်ပစ္စည်း
  • ရေခဲစက်ရုံ
  • ဓာတ်ငွေ့ထုတ်စက်ရုံ
  • ခဝါစက်ရုံ
  • အထပ်မြင့်အဆောက်အဦများ
  • မီးသတ်ဆေးဗူးစက်ရုံ
  • ရေပိုက်စက်ရုံ
  • ကားရေဆေး၊ဆီထိုး servicing

ဒဏ်ငွေ တစ်သိန်းကျပ် ပေးဆောင်ရမည့်စက်ရုံများ

  • ပဲသန့်စင်စက်ရုံ

  • မှန်/ဖန်စက်ရုံ

  • ကွန်ကရစ်ဖျော်စက်ရုံ

  • ပန်းကန်/ကြွေရေသုတ်စက်ရုံ

ဒဏ်ငွေ နှစ်သိန်းကျပ် ပေးဆောင်ရမည့် စက်ရုံများ

  • အထည်ချုပ်

  • လူသုံးကုန်စက်ရုံ
  • စားသောက်ကုန်/ကလေးအာဟာရထုတ်စက်ရုံ
  • စက္ကူနှင့်စာရေးကိရိယာစက်ရုံ
  • ပလပ်စတစ်နှင့်နှီးနွယ်ပစ္စည်း
  • ဂျုံစက်ရုံ
  • ပီနံအိတ်/ဂုန်နီအိတ်စက်ရုံ
  • ဆီစက်ရုံ/ပဲဆီ/နှမ်းဆီ/ပန်းနှမ်းဆီ/နေကြာဆီ/ ဆီအုန်းစက်ရုံ
  • ငါးပိ/ငါးခြောက်/ငါးမုန့်/ငံပြာရည်စက်ရုံ
  • ဆေးရုံ/ဆေးခန်း
  • အုတ်/ဘိလပ်မြေစက်ရုံ
  • ဖိနပ်စက်ရုံ
  • ရေနံချက်စက်ရုံ
  • ဘတ္ထရီအိုး
  • ရေသန့်စင်စက်ရုံ
  • သားရေစက်ရုံ
  • ဘီယာချက်စက်ရုံ
  • အချိုရည်စက်ရုံ
  • အနံ့စက်ရုံ

ဒဏ်ငွေ သုံးသိန်းကျပ် ပေးဆောင်ရမည့် စက်ရုံများ

  • ဆေးဆိုးပန်းရိုက်စက်ရုံ

  • ဓာတုဗေဒနှင့်ဆက်စပ်ပစ္စည်းစက်ရုံ
  • အရက်ချက်စက်ရုံ
  • ဒန်အရည်ကျိုစက်ရ
  • ဆေးဝါးထုတ်စက်ရုံ
  • အိမ်သုတ်ဆေးအမျိုးမျိုးထုတ်စက်ရုံ
  • အထပ်မြင့်အဆောက်အဦများ
  • Tissue စက်ရုံ
  • ခြင်ဆေးခွေစက်ရုံ
  • ဘတ္ထရီအိုး

(၁၈) အမှိုက်ထွက်ရှိမှုနှုန်း

ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်းမှုစနစ်အရ တစ်နေ့လျှင်အမှိုက်တန်ချိန် ၂၃၈၇.၁၂ တန်ထွက်ရှိပြီး လူတစ်ဦးတစ်နေ့လျှင် 0.41kg နှုန်းဖြင့်စွန့်ပစ်မှုရှိကြောင်း တွေ့ရှိရပါသည်။

(၁၉) အမှိုက်အမျိုးအစားခွဲခြားခြင်း။

သိမ်းဆည်းအမှိုက်အမျိုးအစားများမှာ

  • Hospital Waste 0.1%
  • Commercial and Market Waste 35%
  • House Hold Waste 61.9%
  • Other Waste 3%

(၂၀) အမှိုက်ထွက်ရှိမှုနှင့် အမှိုက်သိမ်းဆည်းခြင်းဆိုင်ရာလုပ်ငန်းစဉ်

တစ်နေ့လျှင် အမှိုက်ထွက်ရှိနှုန်းမှာ (၂၃၈၇.၁၂) တန်ရှိသည့်အနက် နေ့စဉ် ၂၀၅၇အား သိမ်း ဆည်းနိုင်ပါသဖြင့် ရန်ကုန်မြို့မှထွက်ရှိသော အမှိုက်များကို ခေါင်းလောင်းတီးစနစ်၊ အရေးပေါ်အမှိုက်သိမ်းစနစ်၊ လှဲသိမ်းစနစ်၊ ပတ်သိမ်းစနစ်၊ သီးခြားအမှိုက်သိမ်းစနစ်၊ အမှိုက်ကန်/အမှိုက်ပုံးစနစ်ဖြင့် စွန့်ပစ်ရပြီး အဆိုပါအမှိုက်များကို ကားဖြင့်သိမ်းဆည်း၍ အနောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ သယ်ယူပို့ဆောင်ပါသည်။


(၂၁) နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ တည်နေရာနှင့်အကျယ်အ၀န်း

  • ရန်ကုန်မြို့၏ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများမှာ -

  • ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ထား၀ယ်ချောင် အမှိုက်ပုံ
    စုစုပေါင်းဧရိယာ (၁၄၇.၂၂)ဧက အသုံးပြုဧရိယာ (၉၅)ဧက
  • လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ
    စုစုပေါင်းဧရိယာ(၁၅၀)ဧက အသုံးပြုဧရိယာ(၁၀၀)ဧက

(၂၂) လက်ရှိအမှိုက်စွန့်ပစ်နေသောနေရာများ

  • ထိန်ပင်အမှိုက်ပုံတွင် တစ်နေ့လျှင်(၁၂၈၇.၇၅)တန်စွန့်ပစ်ပါသည်။

  • ထား၀ယ်ချောင်အမှိုက်ပုံတွင် တစ်နေ့လျှင်(၁၀၇၀.၅)တန်စွန့်ပစ်ပါသည်။
  • ဒလအမှိုက်ပုံတွင် တစ်နေ့လျှင်(၂၁.၇၆)တန်စွန့်ပစ်ပါသည်။
  • ဆိပ်ကြီးခနောင်တို အမှိုက်ပုံတွင် တစ်နေ့လျှင်(၇.၁၁)တန်စွန့်ပစ်ပါသည်။

(၂၃) စက်မှုဇုန်များနှင့်ပတ်သက်သောအချက်အလက်များ

(က)

စက်မှုဇုန်ပေါင်း

၂၉ ခု
(ခ)

စက်ရုံပေါင်း

၃၈၉၉ ရုံ
၁။

အထည်ချုပ်စက်ရုံ

၃၅၄ ရုံ

၂။

စားသောက်ကုန်စက်ရုံ ၄၂၄ ရုံ
၃။ ဓါတုပစ္စည်းစက်ရုံ

၇၁ ရုံ

၄။

သံရည်ကျိုစက်ရုံ ၅၁၉ ရုံ

၅။

အအေးခန်းစက်ရုံ ၆၉ ရုံ

၆။

စက္ကူစက်ရုံ ၁၀၅ ရုံ

၇။

အရက်ချက်စက်ရုံ ၉ ရုံ
၈။ သစ်တောထွက်ပစ္စည်းစက်ရုံ

၂၁၆ ရုံ

၉။

လူသုံးကုန်ပစ္စည်းစက်ရုံ ၇၀၉ ရုံ
၁၀။ အခြားစက်ရုံ

၁၄၂၃ ရုံ


(၂၄) ရက်လွန်ဆေးဝါးများစွန့်ပစ်မှုအခြေအနေ

ဖျက်ဆီးမည့်ရက်လွန်ဆေးဝါးများအား အောက်ပါနည်းအတိုင်း စွန့်ပစ်ရန် ခွဲခြားသတ်မှတ် ပါသည်။

  • မီးရှို့ဖျက်ဆီးခြင်း
  • အလုံပိတ်အင်္ဂတေကျင်းဖြင့်ဖျက်ဆီးခြင်း

လေထုညစ်ညမ်းမှုမဖြစ်စေနိုင်သော စွန့်ပစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းလုပ်ငန်းဖြင့် ဆောင်ရွက်ပြီး ပေါက်ကွဲစေတတ်သော ဆေးဝါးများကို အလုံပိတ်အင်္ဂတေကျင်းတူး၍ ဖျက်ဆီးပါသည်။

အချို့စွန့်ပစ်ဆေးဝါးများကို မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့် စက်ရုံ၌ မီးရှို့ဖျက်ဆီးလျှက်ရှိပါသည်။


(၂၅) စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာအသိပညာပေးဆောင်ရွက်မှု

ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား စွန့်ပစ်အမှိုက်စီမံခန့်ခွဲ မှုဆိုင်ရာ အသိပညာပေးအစီအစဉ်များ၊ ဆွေးနွေးပွဲများအား အသိပညာပေး လက်ကမ်းစာစောင်များ၊ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်လျှော့ချ ခြင်း၊ 3Rs လုပ်ငန်းစဉ်များပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ ဆောင်ရွက်ခြင်း၊ အပြန်အလှန်မေးမြန်းဆွေးနွေးခြင်း၊ ယှဉ်ပြိုင်ပွဲများ ဆောင်ရွက်ခြင်းဖြင့် အသိပညာအဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်လျှက်ရှိခြင်း၊


(၂၆) နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့်စီမံကိန်းများ

(၁) ရန်ကုန်မြို့ရှိ လှိုင်မြစ်နှင့် မန္တလေးမြို့ ဒုဌဝတီမြစ်ရေညစ်ညမ်းမှုပြဿနာကို စောင့်ကြည့်စစ်ဆေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ Project for Capacity Development in Basic Water Environment Management and EIA System in Myanmar ၂၀၁၅-၂၀၁၈ (၃)နှစ် စီမံကိန်း အား (၁.၆.၂၀၁၅ မှ ၃၁.၅.၂၀၁၈ထိ) ဆောင်ရွက်လျှက်ရှိခြင်း။

(၂) JFE (Japanese Future Engineering) နှင့် YCDC တို့ပူးပေါင်း၍ ရွှေပြည်သာမြို့နယ်၊ လှော်ကားလမ်း၊ တောကျောင်းလေးသုသာန်အနီးတွင် တစ်ရက် လျှင် အမှိုက်တန်ချိန်(၆၀)အား မီးရှို့၍ ရန်ကုန်အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့် စက်ရုံစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

Technical Specification

(၁) Combustion System : JFE Hyper Grate Stoker Furnace

(၂) Processing Capacity : 60 tons/day

(၃) Steam Turbine Capacity : 700 kW

(၄) Boiler : Natural Circulation Type

(၅) Condenser : Water Cooled Type

(၆) Flue Gas Treatment : Bag house Filter

(၇) Stack : Height 33.3m

(၃) ဂျပန်နိုင်ငံ၊ FUKUOKA City နှင့် YCDC တို့အကြား Semi-aerobic sanitary Landfill နည်းပညာအတွက် Technical Cooperation and Technical Transfer စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

- ယခုအခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနှင့် ဂျပန်နိုင်ငံ၊ Fukuoka City တို့ ပူးပေါင်း၍ ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် Fukuoka Method အသုံးပြုပြီး Sanitary Landfill အားလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် Pilot Project အား(၃) နှစ်စီမံကိန်း အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ခြင်း။

- စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအား ၂၀၁၈ မှ ၂၀၂၀ ထိ ဖြစ်ပြီး ယခုနှစ် ၂၀၁၇ ခုနှစ်၊ ဇူလိုင် လမှ ဘဏ္ဍာရေးနှစ်ကုန်အထိ စီမံကိန်းအတွက် လေ့လာခြင်း၊ မြေပြင်ကွင်းဆင်းတိုင်းတာခြင်း၊ ဒီဇိုင်းပုံ ထုတ်ခြင်း၊ ပတ်ဝန်းကျင်၏ အနေအထားများနှင့် အခြေအနေများအား လေ့လာဆောင်ရွက် ခြင်းများကို Fukuoka City ၏ အစီအစဉ်ကုန်ကျစရိတ် ဖြင့် ဆောင်ရွက်လျက်ရှိခြင်း၊

- Sanitary Landfill Fukuoka Method အတွက် လှိုင်သာယာမြို့နယ်၊ ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် မြေ (၁) ဟတ်တာ (၂.၂ဧက) အား အသုံးပြုမည်ဖြစ်ခြင်း၊

- နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများတွင် လက်ရှိအမှိုက်စွန့်ပစ်မှုမှာ Open Dumping စနစ်ဖြစ်ပါသဖြင့် ပတ်ဝန်းကျင်ရေထု၊ လေထု၊ မြေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် Sanitary Landfill စနစ် ဆောင်ရွက်ရမည်ဖြစ်ခြင်း၊

- လက်ရှိစွန့်ပစ်နေသည့်အတိုင်း ဆက်လက် စွန့်ပစ်မည်ဆိုပါကနောင်လာမည့် (၅)နှစ်တွင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၌အမှိုက်စွန့်ပစ်ရန်မြေနေရာ ရှိတော့မည် မဟုတ်ပါသဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်စေရေးနှင့် မြေနေရာများအား ရေရှည်အသုံးပြုနိုင်ရန်အတွက် စွန့်ပစ်သည့်စနစ်ပြောင်းလဲရန် လိုအပ်သဖြင့် အမှိုက်မီးရှို့စက်နည်းလမ်းအပြင် Sanitary Landfill ဖြင့်လည်း ပြုလုပ်ရန် လိုအပ်ရာ ယခု Pilot Project ဆောင်ရွက်ခြင်းဖြင့် Sanitary Landfill Fukuoka Method နည်းပညာအား ဤဌာနမှ ရရှိနိုင်ပြီး နောင်တွင်မိမိတို့၏ ဝန်ထမ်းများဖြင့် ဆက်လက်၍ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်မည်ဖြစ်ခြင်း၊

Semi-aerobic Sanitary Landfill နည်းပညာအသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူး 

  • နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများမှ ထွက်ရှိသည့် မီသိန်းဓာတ်ငွေ့များကြောင့် ဖြစ်ပေါ် လာသည့် လေထုညစ်ညမ်းမှုပြဿနာများကို လျှော့ချနိုင်ခြင်း၊-

  • စွန့်ပစ်အမှိုက်အများအပြား စုပုံခြင်းကြောင့် အမှိုက်ပုံမြေဆီလွှာများ ပျက်ဆီးခြင်းနှင့် မြေပေါ်မြေအောက်ရေသယံဇာတ ပျက်ဆီးမှုကို ကာကွယ် တားဆီးနိုင်ခြင်း၊

  • မြေနေရာရှားပါးမှု ပြဿနာ ဖြေရှင်းဆောင်ရွက်နိုင်ခြင်းနှင့် အဆိုပါစနစ်ဖြင့် အမှိုက်စွန့်ပစ်ပြီးပါက အပေါ်ယံမြေလွှာအားပြုပြင်၍ ပြန်လည်သုံးစွဲနိုင်ခြင်း၊

  • အမှိုက်မှထွက်ရှိသော Leachate အရည်များကြောင့် သဘာဝပတ်ဝန်းကျင်၊ မြေအောက်ရေနှင့် မြေဆီလွှာကို မထိခိုက်စေခြင်း၊

(၄) ဂျပန်နိုင်ငံ၊ Kawasaki City နှင့် ရန်ကုန်မြို့တော်တို့အကြား City to City နားလည်မှုစာချွန်လွှာရေးထိုး၍ JCM Project များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

(၅) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပူးပေါင်း၍ နှစ်အလိုက်လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ကာလတို(၅)နှစ် (သို့မဟုတ်) (၁၀) နှစ်တာကာလအတွက် Technical Cooperation Project ရေးဆွဲခြင်းစီမံကိန်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ၀န်ဆောင်မှုပေးလျက်ရှိသော လုပ်ငန်းများအား အသိပေးကြေညာခြင်း

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်၀န်းကျင်ထိန်သိမ်းရေးနှင့်သန့်ရှင်းရေးဌာန မှ ရန်ကုန်မြိုတော်စည်ပင်သာယာနယ်နိမိတ်အတွင်း အောက်ဖော်ပြပါလုပ်ငန်းများအား ၀န်ဆောင်မှု ပေးလျက် ရှိပါသည်-

(က) နေ့စဉ်ထွက်ရှိသော အမှိုက်များအား သိမ်းဆည်းပေးခြင်း။ (ဌာနကသတ်မှတ်ထားသော အမှိုက်စွန့်ပစ်ရန်နေရာများဖြစ်သည့် အမှိုက်ကန်၊ အမှိုက်ပုံး များရှိ စွန့်ပစ်အမှိုက်များအား သန့်ရှင်းရေးဆောင်ရွက်ခကောက်ခံ၍ သိမ်းဆည်းပေး ခြင်း။)

(ခ) သီးခြားအမှိုက်သိမ်းစနစ် On Call ဖြင့်သိမ်းဆည်းပေးခြင်း။ (တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်များ၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်များ၊ ခြံထွက် အမှိုက်များနှင့် သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံခြင်းမရှိသော နေရာများမှ ထွက်ရှိ သောအမှိုက်များကို သိမ်းဆည်းပေးခြင်း။)

(ဂ) နောက်ဖေးလမ်းကြားအမှိုက်သိမ်းဆည်းဆောင်ရွက်ခြင်း။ (အမှိုက်သိမ်းယာဉ် ငှားရမ်းခ(အခမဲ့)ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ စက်သုံးဆီနှင့် လုပ်သားအင်အားကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။)

(ဃ) ဆေးရုံဆေးခန်းထွက်အမှိုက်များ သိမ်းဆည်းပေးခြင်း။

(င) စီးပွားရေးလုပ်ငန်းများနှင့် ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းများမှ ထွက်ရှိသော အမှိုက်များအား သိမ်းဆည်းပေးခြင်း။

(စ) မိမိအစီအစဉ်ဖြင့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ လာရောက်စွန့်ပစ်စေခြင်း။

(ဆ) ရွှေ့လျားသန့်စင်ခန်းများ ငှားရမ်းပေးခြင်း။

(ဇ) အများပြည်သူသုံးအဆင့်မြင့်သန့်စင်ခန်းများအား B.O.T စနစ်ဖြင့် ဖွင့်လှစ်ပေးခြင်း။

(စျ) ရက်လွန်ဆေးဝါးများ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား တန်ဖိုးတွက်ချက်၍ စနစ်တကျ ဖျက်ဆီးပေးခြင်း။

(ည) စက်မှုဇုန်များရှိ စက်ရုံများလည်ပတ်ရာတွင် ဖြစ်ပေါ်နိုင်သော သဘာ၀ပတ်၀န်းကျင် ထိခိုက်နိုင်မှုအခြေအနေအား စစ်ဆေးကြပ်မတ်ခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ထောက်ခံ ချက်ပေးခြင်း။

(ဋ) ပြည်သူများ၊ အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(ဌ) နာရေးသင်္ဂြိုဟ်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။

၂။ ပြည်သူများအနေဖြင့် အထက်ဖော်ပြပါ ၀န်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆက်သွယ် ဆောင်ရွက်လိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်-

စဉ်

အကြောင်းအရာ

ဌာနခွဲ/ခရိုင်/မြို့နယ်

ဖုန်းနံပါတ်

အပိုဒ် ၁။ (က၊ ခ၊ ဂ၊ ဃ၊ င)ပါ ၀န်ဆောင်မှုများ

အရှေ့ပိုင်းခရိုင်

၀၉-၄၅၃၈၉၁၇၆၀

သင်္ဃန်းကျွန်း

၀၉-၄၅၃၈၉၁၇၆၆

တောင်ဥက္ကလာပ

၀၉-၄၅၃၈၉၁၇၆၉

မြောက်ဥက္ကလာပ

၀၉-၄၅၃၈၉၁၇၇၂

ရွှေပေါက္ကံ

၀၉-၄၅၃၈၉၁၇၇၃

ဒဂုံမြောက်

၀၉-၄၅၃၈၉၁၇၇၆

ဒဂုံတောင်

၀၉-၄၅၃၈၉၁၇၈၀

ဒဂုံအရှေ့

၀၉-၄၅၃၈၉၁၇၈၃

ဒဂုံဆိပ်ကမ်း

၀၉-၄၅၃၈၉၁၇၈၆

၁၀

အနောက်ပိုင်းခရိုင်

၀၉-၄၅၃၈၉၁၇၈၉

၁၁

ကျောက်တံတား

၀၉-၄၅၃၈၉၁၇၉၄

၁၂

ကြည့်မြင်တိုင်

၀၉-၄၅၃၈၉၁၇၉၇

၁၃

စမ်းချောင်း

၀၉-၄၅၃၈၉၁၈၀၀

၁၄

ဒဂုံ

၀၉-၄၅၃၈၉၁၈၀၃

၁၅

ပန်းဘဲတန်း

၀၉-၄၅၃၈၉၁၈၀၆

၁၆

ဗဟန်း

၀၉-၄၅၃၈၉၁၈၀၉

၁၇

လသာ

၀၉-၄၅၃၈၉၁၈၁၂

၁၈

လမ်းမတော်

၀၉-၄၅၃၈၉၁၈၁၅

၁၉

အလုံ

၀၉-၄၅၃၈၉၁၈၁၈

၂၀

ဆိပ်ကမ်း

၀၉-၄၅၃၈၉၁၈၂၁

၂၁

တောင်ပိုင်းခရိုင်

၀၉-၄၅၃၈၉၁၈၂၂

၂၂

မင်္ဂလာတောင်ညွန့်

၀၉-၄၅၃၈၉၁၈၂၉

၂၃

တာမွေ

၀၉-၄၅၃၈၉၁၈၃၂

၂၄

ရန်ကင်း

၀၉-၄၅၃၈၉၁၈၃၅

၂၅

သာကေတ

၀၉-၄၅၃၈၉၁၈၃၈

၂၆

ဒေါပုံ

၀၉-၄၅၃၈၉၁၈၄၁

၂၇

ဒလ

၀၉-၄၅၃၈၉၁၈၄၃

၂၈

ဆိပ်ကြီးခနောင်တို

၀၉-၄၅၃၈၉၁၈၄၆

၂၉

ပုဇွန်တောင်

၀၉-၄၅၃၈၉၁၈၄၈

၃၀

မြောက်ပိုင်းခရိုင်

၀၉-၄၅၃၈၉၁၈၅၅

၃၁

ကမာရွတ်

၀၉-၄၅၃၈၉၁၈၆၂

၃၂

မင်္ဂလာဒုံ

၀၉-၄၅၃၈၉၁၈၆၅

၃၃

မရမ်းကုန်း

၀၉-၄၅၃၈၉၁၈၆၈

၃၄

ရွှေပြည်သာ

၀၉-၄၅၃၈၉၁၈၇၁

၃၅

လှိုင်

၀၉-၄၅၃၈၉၁၈၇၄

၃၆

လှိုင်သာယာ(၁)

၀၉-၄၅၃၈၉၁၈၇၇

၃၇

လှိုင်သာယာ(၂)

၀၉-၄၄၈၀၄၁၃၃၂

၃၈

အင်းစိန်

၀၉-၄၅၃၈၉၁၈၈၀

၃၉

သီရိမင်္ဂလာစျေး

၀၉-၄၅၃၈၉၁၈၈၃

၄၀

အပိုဒ် ၁။ (စ)ပါ ၀န်ဆောင်မှု

ထိန်ပင်အမှိုက်ပုံ

၀၉-၂၅၀၁၈၀၃၄၅

၄၁

အပိုဒ် ၁။ (စ)ပါ ၀န်ဆောင်မှု

ထားဝယ်ချောင်အမှိုက်ပုံ

၀၉-၄၄၈၀၅၀၈၉၀

၄၂

အပိုဒ် ၁။ (ဆ)ပါ ၀န်ဆောင်မှု

မော်တော်ယာဉ်ဌာနခွဲ

၀၉-၄၅၃၈၉၁၈၈၄

၄၃

အပိုဒ် ၁။ (ဆ)ပါ ၀န်ဆောင်မှု

မော်တော်ယာဉ်ဌာနခွဲ

၀၉-၄၉၃၄၂၆၅၀

၄၄

အပိုဒ် ၁။ (ဆ)ပါ ၀န်ဆောင်မှု

မော်တော်ယာဉ်ဌာနခွဲ

၀၉-၂၅၄၄၉၄၆၄၀

၄၅

အပိုဒ် ၁။ (ဇ)ပါ ၀န်ဆောင်မှု

ရုံးချုပ်

၀၉-၄၅၀၀၄၂၆၆၁

၄၆

အပိုဒ် ၁။ (စျ)ပါ ၀န်ဆောင်မှု

ရုံးချုပ်

၀၉-၅၅၀၂၇၆၇

၄၇

အပိုဒ် ၁။ (ည)၊ (ဋ)ပါ ၀န်ဆောင်မှု

ရုံးချုပ်

၀၉-၅၁၈၇၈၅၄

၄၈

အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

ရေဝေးသုသာန်

၀၉-၅၀၀၄၅၆၆

၄၉

အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

ထိန်ပင်သုသာန်

၀၉-၅၁၄၉၅၂၀

၅၀

အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

ကျီစုသုသာန်

၀၉-၄၂၀၁၅၉၈၃၇

၅၁

အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

ကျူချောင်သုသာန်

၀၉-၂၅၃၂၉၈၂၅၈

၅၂

အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

ဒလသုသာန်

၀၉-၂၅၄၈၉၇၆၃၅

၅၃

အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

ဆိပ်ကြီးခနောင်တိုသုသာန်

၀၉-၄၂၀၁၉၇၆၇၁

၅၄

အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

ဆိပ်ကြီးသုသာန်

၀၉-၃၁၁၁၇၀၄၃

၃။ ပြည်သူများအနေဖြင့် အထက်ဖော်ပြပါ ဌာနခွဲ၊ ခရိုင်၊ မြို့နယ်များသို့ ဆက်သွယ်ဆောင်ရွက်ရာ တွင် အဆင်မပြေမှုများ ဖြစ်ပေါ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်၀န်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ ရုံးချုပ်(၁၂-ထပ်ခွဲရုံး၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်)သို့ ဆက်သွယ်ဆောင်ရွက်ပါရန်နှင့် ဌာနမှ အထက်ဖော်ပြပါ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ စိတ်ကျေနပ်မှု အပြည့်အဝရရှိသည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးဖော်ပြအပ်ပါသည်။

Website လိပ်စာ

https://www.ycdc.gov.mm