ရေကြောင်းအင်ဂျင်နီယာအရာရှိအဆင့်(၅) နှင့် ရေကြောင်းအင်ဂျင် နီယာအရာရှိ အဆင့်(၄) သင်တန်းတက်ရောက်ခွင့် လျှောက်ထားခြင်း


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / April 11, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လျှောက်ထားသူသည် ရေကြောင်းအင်ဂျင်နီယာအရာရှိအဆင့်(၅) ကို လျှောက်ထားပါက ရေကြောင်းအင်ဂျင်နီယာ အရာရှိ အဆင့်(၃) ကျွမ်းကျင်မှုလက်မှတ် ကိုင်ဆောင်ထားပြီး ပင်မစက်မောင်းနှင်မှု စွမ်းအား (၇၅၀)ကီလိုဝပ်နှင့်အထက် သင်္ဘောများတွင် 3/E Sea service(၁)နှစ် ရှိရမည်။

ရေကြောင်းအင်ဂျင်နီယာအရာရှိ အဆင့်(၄)ကို လျှောက်ထားပါက ရေကြောင်းအင်ဂျင်နီယာ အရာရှိ အဆင့်(၃) ကျွမ်းကျင်မှုလက်မှတ် ကိုင်ဆောင်ထားပြီး ပင်မစက်မောင်းနှင်မှုစွမ်းအား (၇၅၀)ကီလိုဝပ် နှင့်အထက် သင်္ဘောများတွင် 2/E Sea service (၁)နှစ် ရှိရမည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက်စာတမ်းများ

(က)    Result Sheet (MED-40)  မူရင်းနှင့် မိတ္တူ၊

(ခ)      (MED-47) Sea service အတည်ပြုစာ မူရင်းနှင့်မိတ္တူ၊

(ဂ)      Class III (or) Class II CoC မူရင်း နှင့်မိတ္တူ၊

(ဃ)     CDC မူရင်းနှင့်မိတ္တူ။

လျှောက်ထားရန် အဆင့်များ

အခြေခံလိုအပ်ချက်များ ပြည့်စုံပါက ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ စာမေးပွဲဌာနစိတ်တွင် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ကျောင်းတက်ခွင့် ထုတ်ပေးမည်ဖြစ်သည်။

ဆက်သွယ်ရမည့်လိပ်စာ

ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ ဒေါပုံသင်္ဘောကျင်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။

Website လိပ်စာ

မရှိပါ