သမဝါယမတက္ကသိုလ်/ကောလိပ်ကျောင်းများအတွက် ပထမနှစ်သင်တန်းသားခေါ်ယူခြင်း
သမဝါယမတက္ကသိုလ်/ကောလိပ်ကျောင်းများအတွက် ပထမနှစ်သင်တန်းသားခေါ်ယူခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 12, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
- သမဝါယမတက္ကသိုလ်များသို့ လျှောက်ထားသူများသည် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ (မည်သည့်ဘာသာတွဲဖြင့်မဆို)ဖြစ်ပြီး စုစုပေါင်းရမှတ် (၃၈၅)မှတ်နှင့်အထက် ရရှိသူ ဖြစ်ရမည်။
- သမဝါယမကောလိပ်များသို့ လျှောက်ထားသူများသည် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ (မည်သည့်ဘာသာတွဲဖြင့်မဆို)ဖြစ်ပြီး စုစုပေါင်းရမှတ် (၃၅၀)မှတ်နှင့်အထက် ရရှိသူ ဖြစ်ရမည်။
ဝန်ဆောင်ခ
သမဝါယမတက္ကသိုလ်/ကောလိပ်များတွင် ဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းလခနှင့် အခြားအခကြေးငွေများကို တစ်နှစ်စာအတွက် အောက်ပါအတိုင်းပေးသွင်းရန် သတ်မှတ် ထားပါသည် -
- ကျောင်းဝင်ကြေး (၁၀၀)ကျပ် (ပထမနှစ်အတွက်)၊
- မှတ်ပုံတင်ကြေး (၁၀၀)ကျပ် (ပထမနှစ်အတွက်)၊
- ကျောင်းလခ (၆၀၀၀)ကျပ်၊
- အားကစားကြေး (၁၀၀)ကျပ်၊
- လက်တွေ့ခန်းကြေး (၃၆၀၀)ကျပ်၊
- စာမေးပွဲကြေး (၆၀၀)ကျပ်၊
- စာကြည့်တိုက်ကြေး (၆၀၀)ကျပ်၊
လိုအပ်သော စာရွက်စာတမ်းများ
(က) အောင်လက်မှတ် မိတ္တူ (သို့မဟုတ်) အောင်ကြောင်းထောက်ခံစာ မူရင်း၊
(ခ) အမှတ်စာရင်းမူရင်း၊
(ဂ) ဓါတ်ပုံ (၁)ပုံ၊
လျှောက်ထားရန် အဆင့်များ
- သမဝါယမတက္ကသိုလ်/ကောလိပ်များသို့ ပထမနှစ်ဝင်ခွင့်လျှောက်ထားသူများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်သမဝါယမဦးစီးဌာနများ၊ သမဝါယမတက္ကသိုလ်/ကောလိပ် များနှင့် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ဝင်ခွင့်လျှောက်လွှာများ ဝယ်ယူ လျှောက်ထားရမည်ဖြစ်ပါသည်။
- လျှောက်ထားသူများသည် ဝင်ခွင့်လျှောက်လွှာနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ ရုံးအမှတ် (၁၆)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ပညာပေးရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ(နေပြည်တော်) နှင့် သမဝါယမတက္ကသိုလ်/ကောလိပ်များသို့ လိပ်မူ၍ (၃၀-၈-၂၀၁၉)ရက်နေ့အရောက် ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
- နေပြည်တော်
- ရုံးအမှတ် (၁၆)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး။
- ရန်ကုန်
- သမဝါယမတက္ကသိုလ် (သန်လျင်)သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်းပေါ်တွင် တည်ရှိပါသည်။
- သမဝါယမကောလိပ် (ဖောင်ကြီး)သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့မြောက်ဘက် (၂၀)မိုင်ခန့်အကွာ ဗဟိုဝန်ထမ်းတက္ကသိုလ် အနီးတွင်
တည်ရှိပါသည်။
- စစ်ကိုင်း
- သမဝါယမတက္ကသိုလ် (စစ်ကိုင်း)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်၊ စစ်ကိုင်း - မုံရွာကားလမ်းမကြီးဘေးတွင် တည်ရှိပါသည်။
- မန္တလေး
- သမဝါယမကောလိပ် (မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ၊ မန္တလေးနည်းပညာတက္ကသိုလ်သို့ သွားသော ကားလမ်းပေါ်တွင် တည်ရှိပါသည်။
ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ
- နေပြည်တော်
- သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ပညာပေးရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ၊
- ရန်ကုန်
- သမဝါယမတက္ကသိုလ် (သန်လျင်)
- သမဝါယမကောလိပ် (ဖောင်ကြီး)
- စစ်ကိုင်း
- သမဝါယမတက္ကသိုလ် (စစ်ကိုင်း)
- မန္တလေး
- သမဝါယမကောလိပ် (မန္တလေး)
ထပ်မံဖြည့်စွက်ချက်
- (က)
- သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ပညာပေးရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ၊ ၀၆၇-၄၁၀၃၄၃ ,
- ရန်ကုန်
- သမဝါယမတက္ကသိုလ် (သန်လျင်)၊ ၀၅၆-၂၃၂၅၆ , dr.yiwin@gmail.com
- သမဝါယမကောလိပ် (ဖောင်ကြီး)၊ ၀၁-၆၂၆၀၇၄ , tllwingargar@gmail.com
- စစ်ကိုင်း
- သမဝါယမတက္ကသိုလ် (စစ်ကိုင်း)၊ ၀၇၂-၂၃၀၁၅, sagaing.cooperativeuniversity@gmail.com
- မန္တလေး
- သမဝါယမကောလိပ် (မန္တလေး)၊ ၀၂-၅၇၁၉၆ , aye2007@gmail.com
Website လိပ်စာ
- မရှိပါ။